မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက် မှုအောက်ရှိနယ်စပ်ဖြတ်ကျော်စီးပွားရေးပူးပေါင်းဆောင်ရွက် မှုဆိုင်ရာစတုတ္ထအ​ကြိမ်မြောက်လုပ်ငန်းအဖွဲ့အစည်းအဝေး (4th Joint Working Group Meeting on Cross-border Economic Cooperation under Mekong- lancang Cooperation- 4th JW

၁။မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအောက်ရှိ နယ်စပ်ဖြတ်ကျော်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စတုတ္ထအကြိမ်မြောက်လုပ်ငန်းအဖွဲ့အစည်းအဝေး (4th Joint Working Group Meeting on Cross-border Economic Cooperation under Mekong- lancang Cooperation- 4th JWG-CBEC) အား မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁၉) ရက်နေ့၊ မြန်မာစံတော်ချိန် နေ့လည် (၁၁: ၃၀)နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်အထိ Virtual နည်းလမ်းဖြင့် စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၌လက်ခံကျင်းပ ခဲ့ပါသည်။

၂။ အဆိုပါအစည်းအဝေးသို့ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုဆိုင် ရာအဖွဲ့ဝင်နိုင်ငံများစုံညီစွာတက်ရောက်ခဲ့ကြပြီး ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများမှ နယ်စပ်ဖြတ်ကျော်စီးပွားရေးပူး ပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့ ကိုယ်စားလှယ်စုစုပေါင်း (၄၃) ဦးသည် online ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံဘက်မှ မဲခေါင်-လန်ချန်းနယ်စပ်ဖြတ်ကျော်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလုပ်ငန်းအဖွဲ့၏ ဦးဆောင် ဝန်ကြီးဌာနဖြစ်သည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ဦးဆောင်၍ မဲခေါင်-လန်ချန်း နယ်စပ်ဖြတ်ကျော်စီးပွားရေးပူးပေါင်းဆောင်ရွက်သည့် ကဏ္ဍများနှင့် သက်ဆိုင်သည့်တာဝန်ခံဝန်ကြီး ဌာနများမှ စုစုပေါင်းကိုယ်စားလှယ် (၃၀) ဉီးသည် offline ဖြင့်လည်း ကောင်း အသီးသီးပါဝင်တက်ရောက်ခဲ့ကြပါသည်။

၃။ အဆိုပါအစည်းအဝေးအား မြန်မာနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ဒုတိယညွှန်ကြား ရေးမှူးချုပ်၊ ဒေါက်တာထိန်လင်းမှ အစည်းအဝေးဥက္ကဋ္ဌအဖြစ်လည်း ကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (Ministry of Commerce of People’s Republic of China- MOFCOM)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ Mr. Yu Xiang မှ အစည်းအဝေးပူးတွဲဥက္ကဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ကြပြီး အစည်းအဝေးတွင် မဲခေါင်-လန်ချန်း နယ်စပ်ဖြတ်ကျော်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့၏ ဖြစ်ပေါ်တိုးတက်မှုများ၊ မဲခေါင်-လန်ချန်းနိုင်ငံများအကြား စက်မှုလုပ်ငန်းများနှင့် တန်ဖိုးချိတ်ဆက်ကူးပြောင်းမှုဆိုင်ရာကိစ္စရပ်များ၊ မဲခေါင်- လန်ချန်းနယ်စပ်ဖြတ်ကျော်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ (၅)နှစ် စီမံကိန်း (မူကြမ်း)အပေါ် သဘောထားအမြင်များ ဖလှယ်ခဲ့ကြပြီး မဲခေါင်-လန်ချန်းဒေသနိုင်ငံများအကြား ဒေသန္တရအစိုးရများအနေဖြင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအား တင်ပြဆွေးနွေးခဲ့ကြပါသည်။

Agency Department of Trade
Category General