Green Channel ဖြင့်ကွန်တိန်နာထုတ်ယူမှု အား မေ ၁၁ ရက်မှစ၍ နံနက်ပိုင်းထုတ်ပေးသည့်စနစ်ကို ကျင့်သုံးလျက်ရှိ

ရန်ကုန်မြို့ရှိ ဆိပ်ကမ်းအသီးသီး တွင် ရောက်ရှိနေသည့် ကွန်တိန်နာများ အား အကောက်ခွန်ရှင်းလင်းရေးလုပ် ငန်းစဉ်ပါ ွGreen Channel ဖြင့် ကွန်တိန်နာထုတ်ယူမှုအား မေ ၁၁ ရက်မှစတင်၍ နံနက်ပိုင်း ထုတ်ပေး သည့်စနစ်ကိုစတင်ကျင့်သုံး  လျက်ရှိကြောင်း သိရသည်။ ယခင်က Green Channel ဖြင့် ကွန်တိန်နာထုတ်ယူမှုများအား နေ့စဉ် နေ့လယ် ပိုင်း တွင် ထုတ် ပေးခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို ့Green Channel များအား နံနက်ပိုင်းထုတ်ပေးသည့်စနစ်ကို ကျင့်သုံးခြင်းအားဖြင့် ဆိပ် ကမ်း များတွင် ကွန်တိန်နာများစုပုံနေခြင်းအား တစ်ဖက်တစ်လမ်းမှ ရှင်းလင်းပေးရာရောက်နိုင်ကြောင်းသိရသည်။မြန်မာနိုင်ငံတွင်ကွန်တိန်နာ သယ်ဆောင်နိုင်သည့် ယာဉ်အစီးရေ ၁၈၀ဝ ကျော်ရှိကြောင်းသိရသည်။ သို့သော်ဆိပ်ကမ်း တွင်းသို့ သွင်းကုန်ပစ္စည်းများ ဝင်ရောက်မှုများပြား လျက်ရှိသဖြင့် ဆိပ်ကမးများတွင် ထားစရာမရှိအောင် ကျပ်တည်း နေခြင်း များနှင့်ကြုံတွေ့နေရပြီး ယာဉ်များ အဝင်အထွက်ပြုလုပ်၍ မရတော့ဘဲပိတ်ဆို့နေကြောင်း သိရသည်။ယင်းကဲ့သို့ သောအခြေအနေ များ ကြောင့်Green Channel ဖြင့်ထုတ်ယူခွင့်ရရှိ သည့်ကွန်တိန်နာများ အား နံနက်ပိုင်းမှ စတင်၍ ထုတ်ယူခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်သင်္ကြန်ရုံးပိတ်ရက်ကာလများမှစတင်ကာရန်ကုန်အပြည်ပြည်ဆိုင် ရာဆိပ်ကမ်းများသို့ တင်သွင်းရောက်ရှိလာသည့် ပြည်ပအဝင်သင်္ဘော ကြီးများသည် ရန်ကုန်မြစ်ဝတွင် ၇ ရက်မှ ၁၀ရက်ခန့်စောင့်ဆိုင်းနေရ သကဲ့သို့ သက်ဆိုင်ရာ ဆိပ်ကမ်းများသို့ ရောက်ရှိသည့်အခါတွင်လည်း ဆိပ်ကမ်းများတွင် ကွန်တိန်နာများ စုပုံနေသဖြင့် ထုတ်ယူရန် အခက်အခဲ များဖြစ်ပေါ်လျက်ရှိနေကြောင်းသိရသည်။                                                                  
 မယ်သီတာ

Agency Ministry of Foreign Affairs
Category General