ဓာတ်မြေသြဇာ ဧပြီ ပထမပတ်နဲ့တတိယပတ်အတွင်း မြေဆီတန်ချိန် ၃၀ဝ၀ ကျော် တင်သွင်း

ဧပြီ ၃ ရက်မှ ၉ ရက် သီတင်းပတ်အတွင်း   ကန်ဒေါ်လာ ၈၅၆၅၄၃ တန်ဖိုးရှိ မြေသြဇာ ၂၅၄၁ ဒသမ ၃၁၉ တန်ကို လည်းကောင်း၊ ဧပြီ ၁၇ ရက်မှ ၂၃ ရက် သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၁၁၅၈၆၅ တန်ဖိုးရှိ မြေသြဇာ ၅၈၇ တန်ကို လည်းကောင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဧပြီ ပထမသီတင်းပတ်အတွင်း တရုတ်နိုင်ငံမှ ၁၈၃၈ ဒသမ ၅ တန်၊ အိန္ဒိယ မှ ၁၀ တန်နဲ့  စင်ကာပူမှ ၆၉၂ ဒသမ ၈၁၉ တန် တင်သွင်းခဲ့ပြီး နောက်တစ်ပတ်မှာ စင်ကာပူနိုင်ငံမှ ၅၆၇ တန်နဲ့ ဂျပန်နိုင်ငံမှ တန်၂၀ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။
မြေသြဇာဈေးကွက် အရောင်းအေး
ဧပြီ ၃ ရက်မှ ၉ ရက် သီတင်းပတ်အတွင်း ပြည်တွင်းကို ရေလမ်းမှ မြေသြဇာ တန်ချိန် ၂၅၄၁ တန်ကျော်အဝင်ရှိခဲ့ပြီး ဧပြီ ၁၇ ရက်မှ ၂၃ အတွင်း ၅၈၇ တန် ဝင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၁၉၅၀ ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါ တယ်။ နယ်စပ်လမ်းမှ ယခုတစ်ပတ် မြေသြဇာအဝင်မှာ ၅၉၁၂ တန် ကျော်ရှိခဲ့ပြီး၊ ယခင်တစ်ပတ် အဝင်မှာ ၅၄၆၂ တန်ကျော်ရှိခဲ့တာကြောင့်  ဒီတစ်ပတ်မှာ တန်ချိန် ၄၅၀ ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်း ရော နယ်စပ်လမ်းမှပါ မြေသြဇာအဝင်လျော့ခဲ့ပါတယ်။
မော်လမြိုင်ဈေးကွက်မှာ မြေသြဇာက ဒီတစ်ပတ် အရောင်းတော်တော်လေး အေးနေခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ကွန်ပေါင်း ၁၅ ပတ်လည် (အစိမ်း)က ၁၃၀ဝ ကျပ်နဲ့  ကွန်ပေါင်း ၁၅ ပတ်လည် (ပန်းရောင်) က ၅၀ဝ ကျပ်ဈေးကျခဲ့ပြီး ပုလဲအသေး၊ တီစူပါနဲ့ ကွန်ပေါင်း ၁၆း၁၆း၈ က ဈေးငြိမ်နေခဲ့တယ်လို့ စိုက်ပျိုးရေး အရောင်းဆိုင်မှတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ် ဖြစ်နေတဲ့ ဈေးမှာ ပုလဲအသေး ၄၆% (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်) (တရုတ်) ၂၁၅၀ဝ ကျပ်၊ ကွန်ပေါင်း (အစိမ်း) ၁၅ ပတ်လည် (ထိုင်း) ၃၆၅၀ဝ ကျပ်၊ ကွန်ပေါင်း (ပန်းရောင်) ၁၅ပတ် လည် (ထိုင်း) ၃၀ဝ၀ဝ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း)၂၉၀ဝ၀ ကျပ်၊  တီစူပါ ၄၆%(သံကွင်း-တရုတ်) ၂၁၅၀ဝ ကျပ်၊ တီစူပါ ၁၆% (မြားကမ္ဘာ-တရုတ်) ၁၂၅၀ဝ ကျပ်နဲ့အရောင်းအဝယ်ဖြစ်တယ်လို့ စုံစမ်း ရရှိခဲ့ပါ တယ်။
ရန်ကုန်ဈေးကွက်မှာ မြေသြဇာများက  အရောင်းအဝယ်ပုံမှန်ရှိတယ်။ဈေး ကွက်ထဲ ယူရီးယား၂၀ဝ ကျပ်မှ ၅၀ဝ ကျပ်အတွင်း၊ တီစူပါ (သံကွင်း-တရုတ်) ၁၅၀ဝ ကျပ်၊ ကွန်ပေါင်း ၁၅ ပတ်လည် ၃၀ဝ ကျပ်ဝန်းကျင် ဈေးမြင့်လာပြီး ပိုတက်ကဈေး ငြိမ်နေတယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးမှာ ယူရီးယား (နေရွက်လှေ-တရုတ်)၂၂၂၀ဝ ကျပ်၊  ယူရီးယား (ရွှေတောင်-တရုတ်) ၂၂၅၀ဝ ကျပ်၊ တီစူပါ (သံကွင်း-တရုတ်) ၂၀၄၀ဝ ကျပ်၊ ပိုတက်(အိန္ဒိယ)၂၃၅၀ဝ ကျပ်၊ ကွန်ပေါင်း ၁၅း၁၅း၁၅ (နေရွက်လှေ) ၃၇၈၀ဝ ကျပ်၊ ကွန်ပေါင်း၂၅း၇း၇ ၃၁၉၀ဝ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဈေးကွက်အတွင်းမှ စုံစမ်းသိရပါ တယ်။
မကွေးဈေးကွက်မှာ  ရာသီစိုက်ပျိုးချိန်လည်း  မရောက်သေးတာကြောင့် အရောင်းတော်တော်လေး အေးပေမယ့်  မြေဆီဈေးက နည်းနည်းမြင့်လာတယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ  အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ မြားကမ္ဘာ-တရုတ် ၁၂း၁၃ (အပြာ) ၁၆၀ဝ၀ ကျပ်၊ ဆင် ၁၀း၁၀း၅  ၁၅၄၀ဝ ကျပ်၊ အာမို ၁၀း၁၀း၅ ၁၄၅၀ဝ ကျပ်၊ အာမို ၁၅း၁၅း၁၅ ၃၈၅၀ဝ ကျပ်၊ အာမို ၁၆း၁၆း၈ ၃၅၀ဝ၀ ကျပ်၊ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်)၂၃၃၀ဝ ကျပ်၊ ယူရီးယား -ပုလဲ (ရွှေတောင်-တရုတ်) ၂၁၃၀ဝ ကျပ်၊ ယူရီးယား ၁၈၀ဝ၀ ကျပ်၊ အောင်ကမ္ဘာ ၁၀း၁၀း၅ ၁၆၈၀ဝ ကျပ်၊တီစူပါ ၂၁၀ဝ၀ ကျပ်၊ တောင်သူမ ၁၅၀ဝ၀ကျပ်ဈေးရှိတယ်လို့ မြေသြဇာ အရောင်းဆိုင်မှ စုံစမ်းသိရှိရပါတယ်။
တောင်ကြီးဈေးကွက်မှာ  မြေ သြဇာက သင်္ကြန်ရက်မတိုင်မီ အရောင်း ပုံမှန်ရှိခဲ့ပေမယ့် သင်္ကြန်ရက်နောက်ပိုင်း မှာ အရောင်းတော်တော် ပါးလာတယ် လို့  သိရပါတယ်။  မြေသြဇာဈေးက သင်္ကြန်မတိုင်မီဈေးအတိုင်း အရောင်း အဝယ်ဖြစ်တယ်လို့   သိရပါတယ်။ ဈေးကွက်ထဲ  အရောင်းအဝယ်ဖြစ်နေ တဲ့ဈေးမှာ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၀ဝ၀ဝ   ကျပ်၊ ယူရီးယား (ပန်းဖူး-တရုတ်) ၂၁၇၀ဝကျပ်၊ တီစူပါ ၁၂% (တရုတ်) ၁၁၅၀ဝ ကျပ်၊ တီစူပါ ၁၆% (တရုတ်) ၁၂၀ဝ၀ ကျပ်၊ တီစူပါ ၁၅း၁၅း၁၅ (တရုတ်) ၃၈၅၀ဝကျပ်၊ တီစူပါ   ၁၀း၁၀း၅ (တရုတ်)၁၅၅၀ဝ ကျပ်၊  ဓာတ်ဆား (တရုတ်)၁၅၅၀ဝ ကျပ်၊  ပိုတက်(တရုတ်)၂၄၅၀ဝ ကျပ်၊ ယူရီးယား(ယူအေအီး )၁၈၅၀ဝကျပ်၊ မြားကမ္ဘာ ၁၄၅၀ဝ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။

Agency Ministry of Foreign Affairs
Category General