သင်္ကြန်အပြီး ကြက်သွန်နီ လှိုင်လှိုင်ဝင်ရောက်ကာဈေးကျ
 
                                                    
                
	မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဧပြီ ၁ ရက်မှ ၂၀ ရက်အတွင်း ကန်ဒေါ်လာ ၉၈၈၀ဝ၀ တန်ဖိုးရှိ ကြက်သွန်နီ တန်ချိန် ၃၈၀ဝ၊ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁၆၈၈၁၈ တန်ဖိုးရှိ ကြက်သွန်နီ ၅၈၂ တန်၊  တာချီလိတ် ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၅၂၀ဝ၀ တန်ဖိုးရှိ ကြက်သွန်နီ တန် ၂၀ဝ အသီးသီးတင်ပို့ခဲ့ပါတယ်။
	သင်္ကြန်ကာလနောက်ပိုင်းတွင် မြန်မာနိုင်ငံအထက်ပိုင်းဒေသများမှ ထွက်ရှိ တဲ့ ကြက်သွန်နီများ နယ်ဈေးကွက်အသီးသီးသို့  နေ့စဉ်ဝင်ရောက်လျက်ရှိသဖြင့် ကြက်သွန်နီဈေးများ ဆက်လက်ကျဆင်းလျက်ရှိကြောင်း၊ မုံရွာ၊ ပခုက္ကူ၊ မန္တလေး၊ ရှမ်းပြည်နယ်ဒေသများမှ ထွက်ရှိတဲ့ ကြက်သွန်နီများ ဆက်တိုက်ဝင်ရောက်နေကာ တစ်ပိဿာလျှင် ၄၀ဝ-၅၀ဝ ဈေးခန့်သာရှိနေကြောင်း ၊ရေတာရှည်မြို့နယ်အတွင်း စစ်တောင်းမြစ်ကြောင်းတစ်လျှောက်နဲ့ ဆွာချောင်းတစ်လျှောက်ရှိ  တစ်ပိုင်တစ်နိုင် ကြက်သွန်စိုက် တောင်သူများစိုက်တဲ့ ကြက်သွန်ခင်းများမှလည်း ပိုလျှံတဲ့ကြက်သွန် များကို ဈေးကွက်သို့ပင် တင်ပို့ရောင်းချနိုင်တာကြောင့် ဝယ်ယူသုံးစွဲနိုင်မှုထက်  ရောင်းလိုအားပိုလာတာကြောင့် ဈေးနှုန်းကျဆင်းရခြင်းဖြစ်ကြောင်း   ရေတာရှည်မြို့ နယ်ဈေးကွက်အတွင်းမှ သိရပါတယ်။                          
	        မော်မော်အောင်
	 
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
