ပြည်ပနိုင်ငံများသို့ စေလွှတ်မည့် စီးပွားရေးသံမှူးများအတွက် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လက်တွေ့ အသုံးချရေး သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်အမှာစကားပြောကြား

   ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့၊ (၀၉:၃၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်ပနိုင်ငံ (၁၂) နိုင်ငံသို့ စေလွှတ်မည့် စီးပွားရေးသံမှူး (၁၆)  ဦးအတွက် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လက်တွေ့အသုံးချရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့သည်။

   ဒုတိယဝန်ကြီးက ပြောကြားရာတွင် စီးပွားရေးသံမှူးများအနေဖြင့် မိမိတာဝန်ထမ်းဆောင်နေသည့် နိုင်ငံ၏ စီးပွားရေးအခြေ အနေကိုသာမက ကမ္ဘာ့စီးပွားရေးအခြေအနေကိုပါ ခြုံငုံသိရှိထားရန်လိုအပ်ကြောင်း၊ မိမိနိုင်ငံမှ အဓိကပို့ကုန် အလားအလာရှိသော ဈေးကွက်များ၊ ပို့ကုန်အမယ်သစ်များ တင်ပို့မှုဆိုင်ရာ အချက်အလက်များ၊ သွင်းကုန်ဆိုင်ရာအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိထားပြီး မြန်မာ့ပို့ကုန်များအတွက် ဈေးကွက်ရှာဖွေချိတ်ဆက်ပေးရန်လိုအပ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ အခွန်နှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ဖြေလျှော့မှုများကို မျက်ခြေမပြတ်လေ့လာပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ချိတ်ဆက်သွားရမှာ ဖြစ်ကြောင်း၊ သက်ဆိုင်ရာ နိုင်ငံများတွင် တာဝန်ထမ်းဆောင်သည့်အခါ နိုင်ငံတော်အပေါ် သစ္စာစောင့်သိပြီး နိုင်ငံ့ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများကို လေးစားလိုက်နာသွားရန် လိုအပ်ကြောင်းမှာကြားခဲ့သည်။

   အဆိုပါ သင်တန်းဖွင့်ပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းဆရာများနှင့် ပြည်ပနိုင်ငံများသို့ စေလွှတ်မည့် စီးပွားရေးသံမှူးများ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။

Agency Department of Trade
Category General