အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။           စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ အောက်ဖော်ပြပါ ဧရာဝတီတိုင်းဒေသကြီးမှ သိုလှောင်ရုံ(၆)လုံး၊ ပဲခူးတိုင်းဒေသကြီးမှ သိုလှောင်ရုံ (၃)လုံးနှင့် မန္တလေးတိုင်းဒေသကြီးမှ သိုလှောင်ရုံ(၁)လုံး  စုစုပေါင်း သိုလှောင်ရုံ(၁၀)လုံးတို့အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် (မြေမပါ) ထုခွဲရောင်းချမည် ဖြစ်ပါသည်-

Lot(1)         (က) ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းရှိ မြဲ-၁၊ ၂၊ ၇ သိုလှောင်ရုံ(၃)လုံး

Lot(2)         ( ခ )   ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ထူးကြီးရှိ မြဲ-၅ သိုလှောင်ရုံ(၁)လုံး

Lot(3)         ( ဂ )  ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ နတ်မော်ရှိ ပတ်ကား-၉၊ ၁၀ သိုလှောင်ရုံ (၂)လုံး

Lot(4)         (ဃ)  ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ မြို့သစ်(က)ရပ်ကွက်ရှိ သိုရုံ(၂/၁)၊ သိုရုံ(၂/၂) သိုလှောင်ရုံ (၂)လုံး

Lot(5)         ( င )   ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်ရှိ သိုရုံ - ၁၅ သိုလှောင်ရုံ(၁)လုံး

Lot(6)         ( စ )  မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရွှေပြည်ရန်နိုင်ရပ်ကွက်ရှိ မြဲ-၅ သိုလှောင်ရုံ (၁)လုံး

၂။            တင်ဒါပုံစံရောင်းချမည့်ရက်              -   ( ၃၁.၅.၂၀၂၂)နေ့မှ (၁၃.၆.၂၀၂၂)နေ့ထိ

၃။           တင်ဒါပိတ်မည့် ရက်/ အချိန်             -   (၁၃.၆.၂၀၂၂)ရက် ညနေ (၄)နာရီ

၄။           တင်ဒါယှဉ်ပြိုင်ရမည့် ရက်/အချိန်      -   (၁၆.၆.၂၀၂၂)ရက် မွန်းလွှဲ (၁)နာရီ

၅။           တင်ဒါတင်သွင်းရမည့် နေရာ            -   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၊ နေပြည်တော်

၆။           စာရင်းပေးသွင်းရမည့် နေရာ            -   ရုံးအမှတ်(၅၂)၊ နေပြည်တော်

၇။           တင်ဒါစည်းကမ်းချက်များ                -   (၁၆.၆.၂၀၂၂)ရက် နံနက် (၁၁)နာရီ

              ရှင်းလင်းမည့်ရက်/အချိန်/နေရာ        -   ရုံးအမှတ်(၅၂)၊ နေပြည်တော်

၈။           တင်ဒါပုံစံရောင်းချမည့်နေရာ            -   စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီး မှူးရုံး၊ ပုသိမ်မြို့၊ ပဲခူးမြို့၊ မန္တလေးမြို့

၉။           Deposit ပေးသွင်းနိုင်သည့်ဘဏ်များ  -   တင်ဒါစည်းကမ်းသတ်မှတ်ချက်ပုံစံတွင် ဖေါ်ပြထားပြီး ဖြစ်ပါသည်။

၁၀။      အဆိုပါ ဧရာဝတီတိုင်းဒေသကြီးမှ သိုလှောင်ရုံ(၆)လုံး၊ ပဲခူးတိုင်းဒေသကြီးမှ သိုလှောင်ရုံ (၃)လုံးနှင့် မန္တလေးတိုင်းဒေသကြီးမှ သိုလှောင်ရုံ(၁)လုံးတို့၏ မျက်မြင်အခြေအနေအား သက်ဆိုင်ရာ မြို့နယ်များသို့ သွားရောက် ကြည့်ရှု့နိုင်ပြီး အသေးစိတ်အချက်အလက်များကို သိရှိလိုပါက တင်ဒါပုံစံ ဝယ်ယူရမည့် နေရာသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်း ၀၁-၂၅၀၄၃၂ ၊ ၀၅၂-၂၂၂၁၁၀၈၊ ၀၂-၄၀၃၆၃၃၈ သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

 

                                                                                                တင်ဒါစိစစ်ရေးအဖွဲ့

Agency Department of Trade
Category General