မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန် ၊ကုန်သွယ်မှုပမာဏ တိုးတက်မြင့်မားလာစေရေး ဌာနဆိုင်ရာများ၊ ကုန်သည်အသင်း၊ ညီနောင်အဖွဲ့များ၊ ကုမ္ပဏီလုပ်ငန်းရှင်များပူးပေါင်း၍ ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးကျင်းပ

မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန် ကုန်သွယ်မှုမြှင့်တင် ရေးအစည်းအဝေးအား ဇန်နဝါရီ ၆ ရက်က ကုန်သွယ်ရေးဇုန် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးသို့ မူဆယ်ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ OSSဌာန တာဝန်ခံများ၊ မိတ်ဖက်ဌာနတာဝန်ခံများနှင့် မူဆယ်- နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေးကုန်သည်အသင်း၊ ကုန်စည်ဒိုင်များ၊ ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ကုမ္ပဏီလုပ်ငန်းရှင် များ၊ ကိုယ်စားလှယ် များစုစုပေါင်း ၆၅ ဦးခန့်တက်ရောက်ခဲ့ပါတယ်။
အစည်းအဝေးတွင်မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန် ညွှန်ကြားရေးမှူး ဦးဝင်းလွင်က ကုန်သွယ်မှုအခြေအနေ၊ ကုန် သွယ်မှုနှင့်ပတ်သက်၍ ဖြေလျှော့ဆောင်ရွက်ပေးမှု အခြေအနေ များ၊ ကုန်သွယ်မှုမြင့်မားတိုးတက်ရေးအတွက် တရားမဝင်ကုန် သွယ်မှုများ တားဆီးထိန်းချုပ်ပေးရန်လိုအပ်သည့် အခြေအနေ များနှင့် ဒေသဆိုင်ရာအုပ်ချုပ်မှုအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာ များ၊ OSSဌာနများနှင့် ကုန်သည်အသင်း၊ ကုမ္ပဏီလုပ်ငန်းရှင်တို့က ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန် အခြေအနေများအား ပါဝါ ပွိုင့်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။
တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ နှင့် အသင်းအဖွဲ့ကုမ္ပဏီလုပ်ငန်းရှင်များကလည်း ကုန်သွယ်မှုမြင့်မား တိုးတက်ရေး ဆောင်ရွက်ပေးရန် လိုအပ်သည့်အချက်များ၊ တရား မဝင် ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးဆိုင်ရာ  အခြေအနေများကို အစည်းအဝေးအစီအစဉ်များအတိုင်း အကြံပြု ဆွေးနွေးတင်ပြခဲ့ ကြပါတယ်။
ကုန်သွယ်မှုပမာဏမှာ တစ်နှစ်ထက်တစ်နှစ် များပြားလာ သကဲ့သို့ ပို့ကုန်အတက်ယာဉ်များ များပြားလာမှုကြောင့် ကုန် သွယ်မှုလမ်းမကြီးပေါ်တွင် ယာဉ်ကြောကျပ်တည်းမှုများ ဖြစ်ပေါ် ခဲ့ရပါကြောင်း၊ ယာဉ်လမ်းကြောင်း ကျပ်တည်းရခြင်းမှာ လမ်းပိုင်း တိုးချဲ့ပြုပြင်ရန်အတွက် BOTရယူထားသော ကုမ္ပဏီ၏ လမ်း လုပ်ငန်းဆောင်ရွက်မှုမှာ အလွန်ပင်နှေးကွေးနေခြင်းကြောင့် ဖြစ် ပါကြောင်း၊ ယခုကာလသည် ပွင့်လင်းရာသီရောက်ရှိပြီး တစ်ဖက် နိုင်ငံမှ ဈေးကွက်ဝယ်လိုအားအရလည်းကောင်း၊ ကားခများ ဈေး မြင့်တက်နေ ခြင်းကြောင့်လည်းကောင်း တွက်ခြေကိုက်နေပြီး လမ်းကောင်းပါက တစ်ရက်လျှင် ကုန်သွယ်မှုပြုနေသောကားအစီး ရေ ၁၅၀ဝ မှ ၂၀ဝဝ အထိ သွားလာနိုင်ကြောင်း၊ ယခုကဲ့သို့ လမ်း ကျဉ်းပြီး လမ်းပျက်စီးမှုများကြောင့် ယာဉ်မောင်းများအနေဖြင့် တစ်ရက် ခရီးသွားရမည့်လမ်းကြောင်းအား ငါးရက်ခန့်မှ ၁၀ ရက်ခန့်အထိ ကြာမြင့်နိုင်ပါကြောင်း၊ လမ်းကြောင်းပိတ်ဆို့မှု ဖြစ်ပေါ်ပါက အရောင်းအဝယ်ကိစ္စရပ်များမှာလည်း အခက်အခဲ များစွာ ဖြစ်ပေါ်လာပါသဖြင့် သက်ဆိုင်ရာဌာနများနှင့် BOTရယူ ထားသော ကုမ္ပဏီမှ ကုန်သွယ်မှုလမ်းမကြီးအား ကောင်းမွန် မြန် ဆန်စွာဆောင်ရွက်ပေးစေလိုပါကြောင်း၊ တရားမဝင် ကုန်သွယ် မှုများ လျော့နည်းပပျောက်စေရေး ဝိုင်းဝန်းဆောင်ရွက်သင့် ကြောင်း၊ မမှန်မကန် လုပ်ရပ်များကြောင့် လမ်းကြောင်းမှန်ပေါ် ဆောင်ရွက် နေသည့် ကုန်သည်လုပ်ငန်းရှင်များအတွက် ထိခိုက် နစ်နာမှုရှိနိုင်ကြောင်း၊ တားဆီးဆောင်ရွက်ပေးစေလိုကြောင်း တက်ရောက်လာကြတဲ့ ကုန်သွယ်လုပ်ငန်းရှင်များက  တင်ပြခဲ့ပါ တယ်။
မူဆယ်(၁၀၅)မိုင်   ကုန်သွယ်ရေးဇုန်၊ ညွှန်ကြားရေးမှူး ဦးဝင်းလွင်က နိုင်ငံတော်အတွက် ရသင့်ရထိုက်တဲ့ အခွန်အခများ ဆုံးရှုံးနစ်နာမှုမရှိစေရေး၊ တရားဝင် ကုန်သွယ်မှု လမ်းကြောင်းပေါ် မှ နည်းမှန်လမ်းမှန်ဖြင့် ကုန်သွယ်မှုတိုးတက်လာအောင် ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးရေး၊ တရားမဝင်ကုန်သွယ်မှုများ လျော့နည်း ပပျောက်ရေး၊ မသမာမှုနဲ့အဂတိတရားကင်းရှင်းရေးတို့အတွက် တရားမဝင်တင်သွင်း၊ တင်ပို့ခြင်း၊ အကျင့်ပျက်ဝန်ထမ်းများနဲ့ပူး ပေါင်း၍ အခွန်အခရှောင်ရှားခြင်းတို့မရှိစေရေးတို့အတွက်  ကုန် သည်အသင်း၊   ညီနောင်အသင်းနှင့် ကုမ္ပဏီလုပ်ငန်းရှင်များက           ပူးပေါင်းဆောင်ရွက်ပေးပါရန်နဲ့  ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ တည်ဆောက်ဆဲကာလ၊  ပြောင်းလဲလာသောအခြေအနေများနှင့် အညီ ကုန်သွယ်မှုကဏ္ဍမြင့်မားတိုးတက်ပြီး နိုင်ငံတော်အတွက် ရသင့်ရထိုက်တဲ့ အခွန်အခများ ဆုံးရှုံးနစ်နာမှု မရှိစေရေး OSSဌာနဆိုင်ရာများ၊ မိတ်ဖက်ဌာနများမှ အဂတိတရားကင်းရှင်းစွာ ဖြင့် နိုင်ငံ့ဝန်ထမ်းကောင်းများပီပီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးပါရန် ထပ်မံပြောကြားခဲ့ပါတယ်။
မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန် ကုန်သွယ်မှုမြင့်မား တိုးတက်စေရေးအတွက် ဌာနဆိုင်ရာများ၊   မူဆယ်-နမ့်ခမ်း နယ် စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း၊  ကုန်စည်ဒိုင်များ၊ညီနောင် အသင်းအဖွဲ့များ၊ ကုမ္ပဏီလုပ်ငန်းရှင်များက ပူးပေါင်း၍ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း သိရှိရပါတယ်။
နေသူအောင်(မူဆယ်)

Agency Ministry of Foreign Affairs
Category General