ရေကြောင်းလမ်းမှ ဒီဇယ်၊ ဓာတ်ဆီတန်ချိန် တစ်သိန်းကျော်ဝင်

သီတင်းတစ်ပတ်ဖြစ်တဲ့ ဒီဇင်ဘာ၂၅ရက်မှ ၂၄ ရက်အထိ ပင်လယ်ရေ ကြောင်းလမ်းမှ ကန်ဒေါ်လာ ၂၈၉၉၉၉၄၈ တန်ဖိုးရှိ ဒီဇယ်၅၅၄၉၆ ဒသမ ၇၇၈ တန်နဲ့ ကန်ဒေါ်လာ ၄၉၃၉၉၄၀၆ တန်ဖိုးရှိ ဓာတ်ဆီ ၅၅၇၆၆ ဒသမ ၃၂၁ တန်၊ စုစုပေါင်း ၁၁၁၂၆၃ ဒသမ ဝ၉၉တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဒီဇယ်တင်သွင်းတန်ချိန် ၄၆တန်ကျော်နဲ့ နှိုင်းယှဉ်ရင်တန်ချိန် ၅၅၀ဝဝ ကျော်  ပိုမိုတင်သွင်းခဲ့သလို ယခင်သီတင်းပတ် ဓာတ်ဆီတင်သွင်းတန်ချိန် ၁၇၂၀ဝ  ကျော်နဲ့နှိုင်းယှဉ်ရင် တန်ချိန် ၃၈၂၀ဝကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဒီဇယ်ရော ဓာတ်ဆီပါ အဝင်ပိုခဲ့ပါတယ်။
နယ်စပ်စခန်းများဖြစ်တဲ့ တာချီလိတ် ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၈၈၂၈၈ တန်ဖိုးရှိ ဒီဇယ် ၁၇၃ ဒသမ ဝ၃၆ တန်နဲ့ ကန်ဒေါ်လာ၆၆၀၃၂တန်ဖိုးရှိ ဓာတ်ဆီ ၁၁၁ တန်ကိုလည်းကောင်း၊ မြဝတီကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁၂၈၇၁ တန်ဖိုးရှိ ဓာတ်ဆီ ၂၁တန်တင်သွင်းခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်မှာ ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာဒီဇယ်၊ အဆင့်မြင့်ဒီဇယ်၊ အောက်တိန်း (၉၂)နဲ့ (၉၅) မှာ ဈေးငြိမ်နေတယ်လို့သိရပါတယ်။  ဒီတစ်ပတ် ပုဂ္ဂလိကစက်သုံးဆီ ဆိုင် မှာ ရောင်းချနေတဲ့ တစ်လီတာ ဈေးနှုန်းများမှာ ဒီဇယ်  ကျပ်၇၀ဝ၊ အောက်တိန်း (၉၂) ကျပ် ၇၁၀ ၊ အောက်တိန်း (၉၅)  ကျပ်၇၅၀ ၊ အဆင့်မြင့်ဒီဇယ် ၇၂၀ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြင်ပ လက်လီဆိုင်များမှာ အရောင်း အဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာ ဇန်နဝါရီ ၂ ရက်မှာ ဒီဇယ် ဝယ်ဈေး ကျပ်၁၄၃၀ဝဝ၊ ရောင်းဈေး  ကျပ်၁၄၆၀ဝဝ  နဲ့ အရောင်း အဝယ်ဖြစ်ပြီး ဇန်နဝါရီ ၅ရက်တွင် ဝယ် ဈေး ဈေးငြိမ်သော်လည်း ရောင်းဈေး ကျပ်  ၁၀ဝဝ ဈေးမြင့်ပြီး အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီ ၂ ရက်မှာ ဓာတ်ဆီဝယ်ဈေး  ကျပ် ၁၃၂၀ဝဝ၊ ရောင်းဈေးကျပ်၁၃၅၀ဝဝ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်ပတ်လုံး ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်ဈေးနဲ့  နှိုင်းယှဉ်ရင် ဒီဇယ် ဈေးအနည်းငယ်ကျခဲ့ပြီးဓာတ်ဆီဈေးငြိမ်ခဲ့တယ်လို့ သိရပါတယ်။ပြင်ပလက် လီ တစ်ဂါလံ ဈေးများမှာ ဒီဇယ်တစ်ဂါလံ ကျပ် ၃၀ဝဝ၊ ဓာတ်ဆီတစ်ဂါလံ ကျပ် ၂၈၀ဝ နဲ့အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။           
မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေပါတယ်။ ပုဂ္ဂလိကဆိုင်များတွင် ဓာတ်ဆီ၊ဒီဇယ်၊ အဆင့်မြင့်ဒီဇယ်နဲ့ အောက်တိန်းမှာ ဈေးငြိမ် ခဲ့တယ်လို့ သိရပါတယ်။ ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာ ဈေးနှုန်းများမှာ ဓာတ်ဆီ တစ်လီတာ ၆၄၅ကျပ် ၊ ဒီဇယ်  ကျပ် ၇၁၀ ၊အဆင့်မြင့်ဒီဇယ်  ၇၅၅ ကျပ်၊ အောက်တိန်း (၉၂) ၇၅၅ ကျပ်နဲ့ ရောင်းချနေပါတယ်။ ပြင်ပလက်လီ ဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ပီပါ ဈေးများမှာ ဇန်နဝါရီ ၂ရက် မှာ ဒီဇယ် ဝယ်ဈေးကျပ် ၁၄၈၀ဝဝ၊ ရောင်းဈေး  ကျပ် ၁၅၂၀ဝဝ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ  တစ်ပတ်လုံးဒီဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ဆီဈေးမှာ ဇန်နဝါရီ ၂ ရက်တွင် ဝယ်ဈေး  ကျပ် ၁၃၃၀ဝဝ၊ ရောင်းဈေးကျပ် ၁၃၆၀ဝဝ နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ရာ တစ်ပတ်လုံးဒီဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရ ပါတယ်။ ပြင်ပလက်လီ ဆိုင်များတွင် တစ်ဂါလံ ဈေးမှာ ဒီဇယ် ကျပ်၃၂၀ဝ၊ ဓာတ်ဆီ ကျပ်၂၉၀ဝ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။
မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်တယ် လို့သိရပါတယ်။ ဒီတစ်ပတ် ဓာတ်ဆီ ၊ ဒီဇယ်နဲ့အောက်တိန်းမှာ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိကဆိုင်မှာ ရောင်းချ နေတဲ့ တစ်ဂါလံ ဈေးများမှာ ဓာတ်ဆီ  ကျပ်၃၂၀ဝ၊ ဒီဇယ်ကျပ် ၃၃၃၀၊ အောက်တိန်း ၃၃၇၅ ကျပ်နဲ့အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ ပြင်ပ လက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလံ ကျပ် ၃၂၀ဝ၊ ဒီဇယ်တစ်ဂါလံ  ကျပ်၃၄၀ဝ၊ အောက်တိန်း တစ်ဂါလံ၃၄၀ဝကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။
တောင်ကြီးဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ဓာတ်ဆီ၊ဒီဇယ်မှာ ဈေး အနည်းငယ်ကျလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်မှာ ရောင်းချနေ တဲ့ တစ်ဂါလံဈေးနှုန်းများမှာဓာတ်ဆီတစ်ဂါလံ ၃၂၀ဝကျပ်၊ ဒီဇယ်တစ်ဂါလံ ၃၂၀ဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ ပြင်ပ လက်လီဆိုင်များမှာ ဓာတ် ဆီ တစ်ဂါလံ ၃၂၀ဝကျပ်၊  ဒီဇယ်တစ်ဂါလံ ၃၂၀ဝ ကျပ်နဲ့  အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရှိရပါတယ်။                                                            
 

Agency Ministry of Foreign Affairs
Category General