ပြည်ဈေးကွက်တွင် လုံးဆန်ရော ဆီဆန်ဈေးပါကျလာ

ယခုတစ်ပတ် ပြည်ဈေးကွက်တွင် မြေပဲဆန်ဈေးအနည်း ငယ်ကျလာတာတွေ့ရပါတယ်။ အဝင်နည်းပြီး အဝယ်အနည်း ငယ်သာရှိသဖြင့် ဈေးကျလာတာဖြစ်ပါတယ်။  ဝက်ထီးကန်၊ ကံမ၊ ပေါင်းတလည်၊ ပေါက်ခေါင်းနဲ့ ရခိုင်ဘက်မှ တစ်နေ့လျှင် အိတ် ၁၀ဝဝခန့် ဝင်ရောက်သော်လည်း  အဝယ်နည်းသဖြင့် ဈေးကျလာတာတွေ့ရပါတယ်။
ရခိုင်ဘက်မှ ဆီဆန်အဝင်ရှိပြီး  ဟင်္သာတ၊ မကွေးနဲ့ ပခုက္ကူဘက်မှအဝယ်ရှိနေတာတွေ့ရပါတယ်။မြို့တွင်းဆီစက် များက အဝယ်ရှိနေသော်လည်း ယခင်တစ်ပတ်ဈေးနဲ့ နှိုင်း ယှဉ်ရင် တစ်ပိဿာကို ကျပ် ၂၀ဝ ဈေးကျလာတာ တွေ့ရပါ တယ်။ ထို့အတူ လုံးဆန်ဈေးလည်း ကျလာတာတွေ့ရပါတယ်။ မြေပဲဆီဆန်ဈေးမှာ တစ်ပိဿာလျှင် ကျပ် ၁၇၀ဝ၊ လုံးဆန် (အဖြူ)တစ်ပိဿာလျှင် ကျပ် ၂၂၀ဝနဲ့ လုံးဆန်(အနီ) တစ် ပိဿာလျှင် ကျပ်၂၃၀ဝဖြင့်ယခုတစ်ပတ်တွင် ယခင်တစ်ပတ် ထက် ဈေးကျလာတာတွေ့ရပါတယ်။           
 ဝေဝေမင်း
 

Agency Ministry of Foreign Affairs
Category General