ဆန်ချောဈေးအတက်အကျ မရှိသော်လည်း ဆန်ကြမ်းဈေးအနည်းငယ်ကျ

ယခုတစ်ပတ် ရန်ကုန်မြို့ဝါးတန်းကုန်စည်ဒိုင်ရဲ့ ဆန် လက်ကားဈေးနှုန်းမှာဆန်ချောအဟောင်းရောအသစ်ပါ ဈေး ငြိမ်ပြီး ဆန်ကြမ်းအဟောင်း နွေဆန်ရက်၉၀နဲ့အကြမ်းအသစ် (ရှယ်) ဈေးအနည်းငယ်ကျဆင်းလာကြောင်းသိရပါတယ်။
ဆန်ချောဖျာပုံပေါ်ဆန်းဆန်  ထိပ်စတစ်အိတ်ကျပ် ၃၈၀ဝဝနဲ့ လတ်စတစ်အိတ် ကျပ် ၃၄၀ဝဝ၊ ပုသိမ်၊ မြောင်းမြ ပေါ်ဆန်းဆန်ထိပ်စ တစ်အိတ်ကျပ်၄၀ဝဝဝနဲ့ လတ်စတစ် အိတ်  ကျပ် ၃၄၀ဝဝ၊ နယ်စုံကျိုက်လတ်ပေါ်ဆန်းဆန်ထိပ်စ တစ်အိတ်ကျပ် ၃၂၀ဝဝနဲ့  လတ်စတစ်အိတ်ကျပ် ၂၉၀ဝဝ၊ ရွှေဘိုပေါ်ဆန်းဆန် တစ်အိတ်ကျပ် ၃၃၀ဝဝ မှ ၄၄၅၀ဝကျပ်၊ ပေါ်ဆန်းအသစ် (ရှယ်) တစ်အိတ်ကျပ် ၂၅၀ဝဝ မှ ကျပ် ၂၉၀ဝဝနဲ့ ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေကြောင်းသိရ ပါတယ်။ ဆန်ချောအဝင်ပုံမှန်ရှိပြီး   အရောင်းအဝယ်လည်း မှန်နေတယ်လို့ ဝါးတန်းကုန်စည်ဒိုင်မှ သိရှိရပါတယ်။
ဧည့်မထဆန်ဟောင်း ထိပ်စတစ်အိတ်ကျပ် ၁၉၀ဝဝ နဲ့ လတ်စတစ်အိတ် ၁၈၅၀ဝ ကျပ်၊  နွေသီးထပ်ရှယ် တစ် အိတ်ကျပ် ၁၉၀ဝဝ မှ ကျပ် ၂၀ဝဝဝ၊ မနောသုခ တစ်အိတ် ကျပ် ၂၄၀ဝဝ မှ ကျပ် ၂၅၀ဝဝ၊ အိတ်စပို့ ၂၅မှတ် တစ်အိတ် ၁၉၅၀ဝကျပ်မှ ကျပ် ၂၁၀ဝဝ၊ ဆန်ကြမ်းအသစ် (ရှယ်) တစ် အိတ် ကျပ် ၁၇၀ဝဝ မှ ၁၇၅၀ဝ ကျပ်နဲ့ ယခင်တစ်ပတ်ဈေး ထက် တစ်အိတ်ကို  ကျပ် ၁၀ဝဝ မှ  ၂၀ဝဝအထိ  ဈေးကျ ကြောင်းသိရပါတယ်။   ဆန်ကြမ်းအဝင်လျော့သော်လည်း အရောင်းအဝယ်ကတော့ ပုံမှန်ရှိနေပါတယ်။
မူဆယ်ဆန်ဈေးကွက်မှာ  အပြောင်းအလဲ အနည်းငယ် သာရှိပါတယ်။ ဧည့်မထစူပါနဲ့ မှော်ဘီဆန်များအနေနဲ့ ၅မှတ် တစ်အိတ်ကို ၁၂၇ ယွမ်မှ ၁၂၉ ယွမ်၊ ၁၀မှတ် တစ်အိတ်ကို ၁၂၃ ယွမ်မှ ၁၂၆ ယွမ်၊   ၁၅ မှတ်တစ်အိတ်ကို ၁၁၈ ယွမ်မှ ယွမ် ၁၂၀၊ ၂၅ မှတ်တစ်အိတ်ကို ၁၁၅ ယွမ်မှ ၁၁၇ ယွမ်၊ ၃၅မှတ်တစ်အိတ်ကို ၁၁၈ယွမ်မှ ယွမ်၁၂၀၊ ငစိန်ဆန်အနေနဲ့ ၅မှတ်တစ်အိတ်ကို ၁၂၃ ယွမ်မှ  ၁၂၆ယွမ်၊ ၁၅ မှတ် တစ် အိတ်ကို ၁၁၉ယွမ်မှ ၁၂၂ ယွမ်၊ ၂၅ မှတ် တစ်အိတ်ကို ၁၁၆ ယွမ်မှ ၁၁၈ယွမ်ဈေးရှိပြီး ဈေးအတက်အကျ တစ်ယွမ်ခန့်သာ ရှိပါတယ်။
ပြည်တွင်းနယ်စုံမှ မူဆယ်သို့ ဆန်အဝင်မှာ ဒီဇင်ဘာ ၃၀ရက်မှ ဇန်နဝါရီ ၅ရက်အထိ  တန်ချိန်၁၃၆၂တန်ရှိပြီး ယခင်တစ်ပတ်နဲ့နှိုင်းယှဉ်ပါက အဝင်တန် ၉၀ဝဝ ကျော်လျော့ နည်းသွားကြောင်းသိရပါတယ်။  အရောင်းအဝယ်အနေနဲ့ ကုန်စည်ဒိုင်မှာထက် ပုဂ္ဂလိကဂိုထောင်မှာ ကုန်သည်နဲ့တိုက် ရိုက် အရောင်းအဝယ်  ပိုဖြစ်တယ်လို့ သိရပါတယ်။ ဇန်နဝါရီ ၆ရက် ငွေလဲနှုန်းအရ တစ်ယွမ်ကို  ၁၉၄ကျပ်ဈေးပေါက် ကြောင်းသိရပါတယ်။
                              ယဉ်ယဉ်အေး

Agency Ministry of Foreign Affairs
Category General