ဟိုပုံးမြို့၊ ကျောက်တန်းရွာတွင် ထောပတ်သီး စိုက်ပျိုးသူများ ဝင်ငွေကောင်း

ဟိုပုံးမြို့နယ်အတွင်းရှိကျောက်တန်းရွာသည်ထောပတ်သီးပင်များကိုနေအိမ်ခြံစည်းရိုးများတွင်စိုက်ပျိုးကြသော်လည်း ထောပတ်သီးများအများ အပြားထွက်ရှိ သည့်ရွာ အဖြစ်နာမည်ကျော်ကြားသည့်ရွာတစ်ရွာဖြစ်သည်။လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ရှမ်း ပြည်နယ်အစိုးရအဖွဲ့နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တို့ ပူးပေါင်း၍ကျောက်တန်းကျေးရွာသို့ ထောပတ်ပျိုးပင် လေးသောင်းကိုတောင်သူများထံ ပေးအပ်ခဲ့သည်။ ထောပတ်ပင်များအား ခြံစည်းရိုးတွင် ရိုးရာဓလေ့ထုံးစံအရ စိုက်ပျိုးခဲ့ရာမှ ခြံကျယ်များတွင်စိုက်ပျိုးသည့်အလေ့အထသို့ကူးပြောင်းခဲ့ရာကျောက်တန်းရွာသည်ယခင်ကထက်ပိုမိုဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ထောပတ်သီးရောင်း ချ ရာတွင်ခြံပြတ်၊အပင်ပြတ်ရောင်းချသူများရှိသကဲ့သို့လက်လီရောင်းချသူများလည်းရှိကြောင်း၊ထောပတ်သီးများကိုခူးဆွတ်ရာတွင် ခေတ် မီနည်း စနစ်များကို အသုံးပြု လာခဲ့ကြကြောင်းသိရသည်။ကျောက်တန်းရွာမှ ထောပတ်ခြံပိုင်ရှင်ဦးမန်းက'ဒီနှစ်မှာကျွန်တော့်ခြံက ကျပ်၁၈သိန်းဖိုး ရောင်းရပါတယ်။လာမယ့်နှစ် အတွက်ငွေကျပ် ၃၅ သိန်းနဲ့ကြိုတင်စာချုပ်ချုပ်ပြီးဝယ်ယူသွားပါတယ်'ဟုပြောကြားခဲ့သည်။ထို့ပြင် ၂၀၁၇ခုနှစ်ရာသီအတွက်ထောပတ်ပျိုးပင်လေးသောင်းခန့်ကိုထောပတ်စိုက်ပျိုးမညေ့် တာင်သူများထံသို့ ဖြန့်ဝေထားပြီးဖြစ်ကြောင်းကျောက်တန်းရွာမှ ဦးလွန်းက ပြောကြားခဲ့သည်။ တောင်ကြီးခရိုင် အတွင်းထောပတ်သီးစိုက်ဧက၄၀ဝမှ ၁၀ဝ၀ ကြား ရှိကြောင်းသိရသည်။စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးအောင်မောင်းသည် ဒီဇင်ဘာ၁၈ ရကေ် န့ကရှမ်းပြည်နယ်(တောင်ပိုင်း)ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟိုပုံးမြို့နယ်၊ကျောက်တန်းရွာတွင်စိုက်ပျိုးထားသောထောပတ်သီးခြံများ၏စိုက်ပျိုးထုတ်လုပ် တင် ပို့ရောင်းချမှု အခြေအနေများကိုသွားရောက်ကြည့်ရှု အားပေးခဲ့သည်။

Agency Ministry of Foreign Affairs
Category General