ဘိလပ်မြေဈေးကွက်အရောင်းပုံမှန်ရှိ

ဇင်ဘာ ၁၈ ရက်မှ ၂၄ ရက် အထိ သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေအဝင်တန်ချိန်၁၅၀ကျော်ဝင်ရောက်ခဲ့တယ်လို့  သိရပါတယ်။ ယခင်တစ် ပတ်က ဝင်ရောက်ခဲ့တဲ့ တန်ချိန် ၆၁၀ ကျော်နဲ့နှိုင်းယှဉ်ရင် တန်ချိန် ၄၅၀ ကျော် အဝင်လျော့ခဲ့ပါတယ်။ ဒီတစ်ပတ်နယ်စပ်လမ်းမှ  ဘိလပ်မြေအဝင်မှာ တန်ချိန် ၂၆၅၃၀ ကျော်ရှိခဲ့ပြီး  ယခင်တစ်ပတ်အဝင်မှာ  တန်ချိန်  ၂၄၂၄၀ ကျော်ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၂၂၈၀ ကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်းမှအဝင်လျော့ခဲ့ပြီး  နယ်စပ်လမ်းမှ ဘိလပ်မြေအဝင် ပိုခဲ့ပါတယ်။
ရန်ကုန်ဈေးကွက်မှာ   ဘိလပ်မြေအရောင်းအဝယ် ပုံမှန်ရှိပြီး ဈေးအနည်း ငယ်မြင့်ခဲ့တယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ ဆင်(ထိုင်း)က ပစ္စည်းပြတ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဆင်(ထိုင်း)ကကျပ်၁၀ဝ၊ ကြံ့နှစ်ကောင်က ကျပ် ၃၀ဝ ဈေး မြင့်ခဲ့တယ်လို့ သိရပါတယ်။ အထိုင်ဈေးနဲ့အရောက်ဈေးက ကျပ် ၂၀ဝ ဝန်းကျင်ကွာဟ တယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်း အဝယ်ဖြစ်နေ တဲ့ အထိုင်ဈေးမှာ ဆင် (ထိုင်း)ကျပ် ၅၈၀ဝ၊ စိန်(ထိုင်း) ကျပ် ၅၆၀ဝ၊ မော်လမြိုင်ဆင် ကျပ် ၄၉၀ဝ၊ ကြံ့နှစ် ကောင်(နီ) ကျပ် ၅၃၀ဝ၊ ကြံ့နှစ်ကောင် (စိမ်း) ကျပ် ၅၀ဝ၀ နဲ့ အရောင်းအဝယ်ဖြစ် တယ်လို့ ဘုရင့်နောင်ပွဲရုံတန်း အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးဆိုင်မှ သိရှိရပါ တယ်။
တောင်ကြီးဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိပြီး ယခင်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးမှာ စိန်(ထိုင်း) ကျပ် ၆၄၀ဝ၊ အေသုံးလုံး ကျပ် ၅၂၀ဝ၊ အပါချီ ကျပ် ၄၂၀ဝ၊ ကမ္ဘောဇ ကျပ် ၄၂၀ဝ၊ နဂါး ကျပ် ၄၅၀ဝ၊ ဆင်(ထိုင်း) ကျပ်၆၃၀ဝ နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးဆိုင်မှ စုံစမ်းသိရပါတယ်။
မကွေးဘိလပ်မြေဈေးကွက်မှာ အရောင်းပုံမှန်ရှိပြီး ဈေးငြိမ်နေတယ်လို့ သိရ ပါတယ်။ ဈေးကွက်ထဲ ပစ္စည်းအဝင်အထွက်မျှတယ်လို့လည်း သိရပါတယ်။ ဈေး ကွက်ထဲ အရောင်းအဝယ်ဖြစ်တဲ့ဈေးမှာ အပါချီ ကျပ် ၄၅၀ဝ၊  ဆင်(ထိုင်း) ကျပ် ၆၀ဝ၀၊ ကြံ့ ကျပ် ၅၅၅၀၊ မြင်းခေါင်း ကျပ်  ၄၀ဝ၀ နဲ့ ဆင်မြန်မာ ကျပ် ၅၆၀ဝ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးဆိုင်မှ စုံစမ်း သိရပါတယ်။
 

Agency Ministry of Foreign Affairs
Category General