ပြည်(ပွဲရုံ) ကြက်သွန်ဖြူ ပုံမှန်ဝင်ရောက်ပြီး ဈေးဆက်ကျ

ဒီဇင်ဘာနောက်ဆုံးပတ် ပြည်(ပွဲရုံ) ကြက်သွန်ဖြူအိတ်တွေ ပုံမှန်ဝင်ရောက် နေပြီး အရောင်းအဝယ်လည်းဖြစ်နေသလို ဈေးနှုန်းလည်း အနည်းငယ်ထပ်ကျလာ တာတွေ့ရပါတယ်။ ပွဲရုံဈေးကျလာလို့ ဈေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ်သူ တွေကလည်း ဈေးချလာတာတွေ့ရပါတယ်။ ယခုတစ်ပတ်  ပြည်(ပွဲရုံ)လက်ကား တစ်ပိဿာလျှင် (ရှမ်းစ) ကျပ် ၄၈၀ဝ နှင့် (ကြူကုတ်စ) ကျပ် ၄၇၀ဝမှ ကျပ် ၅၀ဝ၀ထိ အရွယ်အစား မူတည်ပြီး ဈေးနှုန်းဖြစ်ပေါ်နေတာတွေ့ရပါတယ်။
ဒေသတွင်း လက်လီအရောင်းဈေးကွက်များမှာတော့ တစ်ပိဿာလျှင် (ရှမ်း) ကျပ် ၅၃၀ဝ၊ (ကြူကုတ်) ကျပ် ၅၄၀ဝ ဖြင့် ရောင်းချလျက်ရှိပါတယ်။ ကြက်သွန်ဖြူ ဈေးကွက်မှာ တစ်နှစ်ပတ်လုံး ဈေးအမြင့်နဲ့ ဝယ်ယူစားသုံးနေကြရမှ ဒီဇင်ဘာလ ကုန်ပိုင်းမှာတော့ ဈေးကျလာတာ တွေ့ရပါတယ်။ ပွဲရုံများတွင်လည်း ကြက်သွန်ဖြူ အိတ်တွေ အရောင်းအဝယ် ပြန်ဖြစ်နေတယ်လို့အရောင်းအဝယ်သမားတွေက ပြော ကြပါတယ်။ ဒီတစ်ပတ် ကြက်သွန်ဖြူအိတ် ၂၃၀ ကျော်အထိ အရောင်းအဝယ်ဖြစ် လာတာလည်း သိရပါတယ်။                                                                      နီနီဝင်း

Agency Ministry of Foreign Affairs
Category General