(ယခင်တစ်ပတ်မှအဆက်) ကုန်သည်စီးပွားရေးလုပ်ငန်းရှင်များမွေးထုတ်ပေးလျက်ရှိသော Trade Training Institute

အကျိုးကျေးဇူးများ
သင်တန်းတက်ရောက်ပြီးပါက   ပို့ကုန် လုပ်ငန်း သို့မဟုတ် သွင်းကုန်လုပ်ငန်းကို ပိုင်ပိုင် နိုင်နိုင် လုပ်ကိုင်နိုင်သည့်လုပ်ငန်းရှင်တစ်ယောက် ဖြစ်လာပါမည်။ ကုမ္ပဏီမှ  တက်ရောက်သင်ကြား သည့်  ကုမ္ပဏီဝန်ထမ်းသင်တန်းသားများအနေ ဖြင့်လည်း သင်တန်းပြီးဆုံးပါက  ရာထူးတိုးတက် ရရှိခြင်း၊ လုပ်ပိုင်ခွင့်ပိုမိုလာခြင်း၊ လုပ်ခ လစာ တိုး တက်ရရှိခြင်း စသည့်ကောင်းကျိုးများကို ခံစားရပါ သည်။အထူးသဖြင့်လာရောက်ပို့ချသော သင်တန်း နည်းပြများနှင့်သင်တန်းသားများ  အဆက် အသွယ် အချိတ်အဆက်ရရှိသွားခြင်းဖြစ်သည်။ ဥပမာအားဖြင့်  ကုမ္ပဏီတည်ထောင်မှတ်ပုံတင် ခြင်းဘာသာရပ်ကို ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးကိုယ်တိုင် လာရောက်ပို့ချ ခြင်း၊ ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ် နည်းများကို   ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူးကိုယ်တိုင်က   သင်ကြားပို့ချပေးခြင်းကို တွေ့မြင်နိုင်သည်။   သင်တန်းပြီးဆုံး၍ ကုမ္ပဏီ စတင်တည်ထောင်မည်ဆိုပါက  ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနသို့ သွားရောက်ရ မည်ဖြစ်သည်။ ထိုနည်းတူစွာပင်  ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် အဖြစ် မှတ်ပုံတင်ခြင်း၊ ပို့ကုန်သွင်းကုန် လိုင်စင်ကိစ္စများ ဆောင်ရွက်ရန်ရှိပါက အထက် ဖော်ပြပါ   ကုန်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ များ၏ရုံးသို့ သွားရောက်ရမည်ဖြစ်သည်။ ထိုအခါ သင်တန်းသားနှင့် သင်တန်းဆရာ  တွေ့ဆုံပြီး လုပ်ငန်းအဆင်ပြေချောမွေ့မှုကို ရရှိခံစားရပါမည်။
ထို့ပြင် သင်တန်းသားအချင်းချင်း   ခင်မင် ရင်းနှီးပြီး စီးပွားရေးပတ်ဝန်းကျင်ကောင်းထဲသို့ ရောက်ရှိသွားပါသည်။ တက်ရောက်သော  သင် တန်းသားများတွင်ကုမ္ပဏီပိုင်ရှင်၊ စက်ရုံပိုင်ရှင်၊ အမှုဆောင်အရာရှိချုပ်နှင့်   ဒါရိုက်တာစသည့် လုပ်ငန်းရှင်များနှင့် အဆင့်မြင့်အရာထမ်းများ ပါဝင်သကဲ့သို့ အလုပ်အကိုင်ရှာဖွေနေသူများနှင့် စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်မည့်သူများ လည်းပါဝင်သည်။ စီးပွားရေးလုပ်ငန်းရှင် သို့မဟုတ် အလုပ်ခန့်ပိုင်ခွင့်ရှိသူနှင့် အလုပ်ရှာဖွေနေသူ တွေ့ ဆုံပြီးအဆင်ပြေသွားသည်လည်းရှိသည်။ စီးပွား ရေးလုပ်ငန်းအတွေ့အကြုံရှိထားပြီးသူနှင့်လုပ်ငန်း  စတင်မည့်သူတွေ့ဆုံပြီး  အဆင်ပြေသွားသည်က ပိုများမည် ထင်ပါသည်။
ထိုမျှသာမက  အချို့ကုမ္ပဏီကြီးများသည် ကုန်သွယ်မှုသင်တန်းဆင်းသင်တန်းသားများကို ဝန်ထမ်းအဖြစ် ခန့်ထားလိုသောကြောင့်  ကုန် သွယ်မှုသင်တန်းကျောင်းမှ သင်တန်းဆရာများနှင့် ချိတ်ဆက်ထားသည်လည်း ရှိပါသည်။  အလုပ် အကိုင်ရရှိရန်  မခက်ခဲသော အလုပ်ရလွယ်သည့် သင်တန်းတစ်ခုဖြစ်ပါသည်။
]]ကျွန်တော်က   အစတုန်းက ကုမ္ပဏီက စာရေးဝန်ထမ်းဖြစ်ပါတယ်။ အဲဒီအလုပ်က ထွက် ပြီး ဒီသင်တန်းကို  တက်ခဲ့တာပါ။ အခု Tradingကုမ္ပဏီကြီးတစ်ခုမှာ အမေရိကန်ဒေါ်လာ ၅၀ဝ ရနေပါပြီ။ လခပိုရသလို စာရေးကနေ မန်နေဂျာ ရာထူးကိုလည်း တိုးတက်ရရှိပါတယ်}}ဟူ၍ ပြော ဆိုသူများလည်းရှိပါသည်။
]]ကျွန်တော်   ဒီသင်တန်းပြီးတော့Import ကုမ္ပဏီတစ်ခုမှာ အလုပ်ရတယ်။  အခု အကြီးတန်း မန်နေဂျာဖြစ်နေပြီ။  အိန္ဒိယနဲ့ထိုင်းတို့ကို ကုမ္ပဏီ ကိစ္စနဲ့ ခရီးသွားရတာတွေရှိတယ်။ မန္တလေး၊ မုံရွာ နဲ့မော်လမြိုင်မှာ စက်ရုံတွေဆောက်တယ်။ နိုင်ငံ ခြားသားတွေနဲ့အတူ ကျွန်တော်ပဲ တာဝန်ခံပြီး လုပ် ရတယ်}}စသည်ဖြင့် ဖောက်သည်ချသူများလည်း ရှိသည်။
]]ဆရာ...နောက်ထပ်ဖွင့်မယ့်သင်တန်း တွေရှိရင်ပြောပါအုံး။ ဆရာတို့သင်တန်းက ဒီနေ့ သင်ပြီးရင် မနက်ဖြန်အသုံးချလို့ရတယ်။ ကျွန် တော်က စီးပွားရေးလုပ်နေတာ။ စီးပွား^ကူးသန်း နဲ့အဆက်အသွယ် မပြတ်ချင်ဘူး}}ဟု ပြောပြသူ လည်းရှိသည်။
]]အခြားသူငယ်ချင်းတွေကိုလည်းပြောပါ တယ်။ ဒီသင်တန်းက  တခြားနေရာကသင်တန်း တွေနဲ့မတူဘူး။ အခြား သင်တန်းတွေ ကျွန်မ တက် ခဲ့ဖူးပါတယ်။ ဒီမှာက နောက်ဆုံးထုတ်ပြန်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေသိရတဲ့အပြင်   အဆက် အသွယ်ကောင်းတွေလည်းရပါတယ်။ ပေးရတာကို မမြင်ပါဘူး။ ရလိုက်တာက အများကြီးမို့လို့ပါ။ ပေး ရတဲ့သင်တန်းကြေးကလည်း  တော်တော်နည်းပါ တယ်}}ဟူ၍ သင်တန်းကို အခမဲ့ကြော်ငြာပေးသူများ လည်းပါဝင်သည်။

ပြည်တွင်းပြည်ပ ပြပွဲ၊ ဆွေးနွေးပွဲနှင့်လေ့လာရေးခရီးစဉ်များ
ကုန်သွယ်မှုသင်တန်းကျောင်းသည် ထူး ချွန်စွာအောင်မြင်သော သင်တန်းသား၊ သင်တန်း သူများကို တရုတ်၊ ထိုင်းနှင့်ဂျပန်စသည့် နိုင်ငံများ သို့ အခါအားလျှော်စွာ စေလွှတ်ပါသည်။ ဥပမာ အားဖြင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံ သင်တန်း အမှတ်စဉ်(၁)တွင်   ထူးချွန်စွာအောင် မြင်ခဲ့ကြသော သင်တန်းသား၊ သင်တန်းသူသုံးဦးကို တရုတ်နိုင်ငံ နန်နင်းကုန်စည်ပြပွဲသို့ အခမဲ့ပို့ဆောင် ပေးခဲ့ပါသည်။ အလားတူ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်းအမှတ်စဉ် (၂) မှ သင်တန်းသား၊ သင်တန်းသူသုံးဦးကိုလည်း ၂၀၁၅ ခုနှစ်တွင် ထိုင်းနိုင်ငံနှင့်  ဂျပန်နိုင်ငံသို့  လေ့လာ ရေးခရီး ပို့ဆောင်ပေးခဲ့သည်။   ဤလေ့လာရေး ခရီးစဉ် (Study Tour Program) ကို Toyata Tsusho Corporation (TTC) ၏ အထောက်အပံ့ ဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ထိုင်း နိုင်ငံတွင်နှစ်ရက်နှင့် ဂျပန်နိုင်ငံတွင် ငါးရက် လေ့ လာရသည့် ခရီးစဉ်ဖြစ်သည်။   ဤခရီးစဉ်ကိုပင် ၂၀၁၆ခုနှစ်၊  ဒီဇင်ဘာလဆန်းတွင် အပြည်ပြည် ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်း အမှတ်စဉ် (၄) နှင့် အမှတ်စဉ် (၅) တို့မှ ထူးချွန်ကျောင်းသားများ သွားရောက်လေ့လာခဲ့ပြီးဖြစ်သည်။
ထို့ပြင် ကုန်သွယ်မှုသင်တန်းကျောင်းတွင် ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း ကျင်းပသည့်  ဆွေးနွေးပွဲများ၊ သင်တန်းများနှင့် အလုပ်ရုံဆွေးနွေးပွဲများကိုလည်း တက်ရောက်ခွင့် ရရှိပါသည်။ ကျောင်းသား၊ ကျောင်းသူများအနေ ဖြင့် ဌာနမှ စီစဉ်ပေးသည့် ရန်ကုန်မြို့အနီးတဝိုက်ရှိ ဆိပ်ကမ်းနှင့် စက်မှုဇုန်များအပြင် မြဝတီ နယ်စပ် ကုန်သွယ်ရေးဇုန်နှင့် မူဆယ်နယ်စပ်ကုန်သွယ်ရေး ဇုန်များသို့ သွားရောက်လိုပါက သင်တန်းကျောင်း က တာဝန်ယူစီစဉ်ပေးပါသည်။

ဖွင့်ပွဲ၊ ဆင်းပွဲ၊ စာမေးပွဲနှင့် ညစာစားပွဲ
TTI၏ သင်တန်းဖွင့်ပွဲကို စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးကိုယ်တိုင် ဖွင့်လှစ်ပေးလေ့ရှိပါသည်။   လေးလတာကာလ အတွင်း စာမေးပွဲနှစ်ကြိမ်ဖြေဆိုရပါသည်။ စာမေး ပွဲဆိုသော်လည်း ခက်ခက်ခဲခဲစာမေးပွဲမဟုတ်ပေ။ ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်းပြည့်မီသော သင် တန်းသားများအတွက် အလွယ်တကူအောင်မြင် နိုင်သည်။ သို့သော်လည်း   ထူးချွန်စွာအောင် မြင်ရန်အတွက် ကြိုးစားဖြေဆိုရသော စာမေးပွဲ ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ပညာသင် ကိစ္စနှင့် ပြည်ပလေ့လာရေးခရီးစဉ်များ စေလွှတ် ရာတွင်  ထူးချွန်ကျောင်းသားများကိုသာ အဓိက ဦးစားပေးသောကြောင့်ဖြစ်သည်။  အတန်းတက် ချိန် သို့မဟုတ် ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း ပြည့်မီမှသာလျှင် စာမေးပွဲဖြေဆိုခွင့်ရှိပါသည်။
သင်တန်းကာလအတွင်း   ညစာစားပွဲကို လည်း နှစ်ကြိမ်ကျင်းပလေ့ရှိသည်။ ညစာစားပွဲများ ကို   လူမှုရေးကွန်ရက် (Social network)  ပိုမို ကောင်းမွန်ရေးနှင့် သင်တန်းသား^သူအချင်းချင်း ပိုမိုရင်းနှီးမှုရရှိရေးအတွက်   ရည်ရွယ်ကျင်းပပါ သည်။
စာမေးပွဲအောင်စာရင်းများထွက်ရှိပြီး နောက် သင်တန်းဆင်းပွဲကို ကျင်းပပါသည်။ သင်တန်းဆင်းပွဲတွင်   စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင် တက်ရောက်ပြီး သင်တန်းဆင်း အောင် လက်မှတ် များချီးမြှင့်ပါသည်။ သင်တန်းဆင်းပွဲတွင် ပထမ၊ ဒုတိယနှင့်  တတိယဆုရရှိသော  သင်တန်း သား^သူများကို ဆုချီးမြှင့်ပါသည်။ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ၊   ထူးချွန်စွာ  အောင်မြင် သူများနှင့် စာမေးပွဲအောင်မြင်သူအားလုံး၏   အောင်လက် မှတ်များတွင် ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့ လက်မှတ်ရေးထိုးပြီး အောင်လက်မှတ် ပေးအပ်ခြင်းဖြစ်ပါသည်။
 

စနေ၊ တနင်္ဂနွေသင်တန်း
ရုံးဖွင့်ရက်ဖြစ်သော   တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များတွင်  မတက်ရောက်နိုင်သောသူ များအတွက် စနေ၊ တနင်္ဂနွေရုံးပိတ်ရက်(Weekend)  သင်တန်းကိုလည်း စတင်ဖွင့်လှစ်နေပြီဖြစ်ပါသည်။ စနေ၊ တနင်္ဂနွေသင်တန်းတွင်   နံနက် (၉းဝ၀) နာရီမှ နေ့လယ် (၁၂းဝ၀) နာရီအထိ တက်ရောက်ရပြီး သင်တန်းကာလမှာ သုံးလ နီးပါးဖြစ်ပါသည်။ ရုံး ဖွင့်ရက်သင်တန်းသည် ရုံးပိတ်ရက်သင်တန်းထက် သင်တန်းကာလပိုမိုရှည်ကြာသကဲ့သို့ သင်ကြား သော   ဘာသာရပ်များလည်း ပိုမိုများပြားစုံလင် ပါသည်။ သင်တန်း နှစ်မျိုးစလုံးအတွက် သင်တန်း ကြေးမှာ  အတူတူပင်ဖြစ်ပါသည်။ သင်တန်းနှစ်မျိုး စလုံးအတွက် သင်တန်းကြေးမှာ ၂၀ဝ၀ဝိ^- (ကျပ် နှစ်သောင်း) ဖြစ်ပါသည်။ သို့သော်လည်းလေ့လာရေးသွားရောက်ခြင်း၊ ညစာစားပွဲကျင်းပခြင်း၊ လိပ်စာ စာအုပ်ပြုလုပ်ခြင်းနှင့်  သင်တန်းခေတ္တနားချိန် လက်ဖက်ရည်^ကော်ဖီ  သောက်သုံးခြင်း  စသည့် ကုန်ကျစရိတ်များကို သင်တန်းသား၊ သင်တန်းသူ များ၏ အစီအစဉ်ဖြင့် ဆောင်ရွက်ကြပါသည်။

ဒီပလိုမာသင်တန်း
အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံ သင်တန်းအောင်မြင်သူများ  ဆက်လက်တက် ရောက်နိုင်ရန်နှင့် အဆင့်မြင့်ကုန်သွယ်မှုပညာရပ် များပို့ချရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ ကုန် သွယ်မှုဒီပလိုမာသင်တန်း(International Trade Diploma Course) ကို ဖွင့်လှစ်ရန် စီစဉ်နေပါသည်။ ဒီပလိုမာသင်တန်းကို  ဂျပန်နိုင်ငံ၏အဆင့်မြင့် တက္ကသိုလ်တစ်ခုဖြစ်သောInternational Univer-sity of Japan (IUJ)  နှင့်   ပူးပေါင်းဖွင့်လှစ်ရန် ရည်ရွယ်ပါသည်။

သင်တန်းဝင်ခွင့်သတ်မှတ်ချက်
အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံ သင်တန်းတက်ရောက်လိုသူများသည် တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိသူများဖြစ်ရမည်။ သို့သော်လည်း လက်ရှိလုပ်ကိုင်နေသော လုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းအတွေ့အကြုံတို့ အပေါ်အခြေခံပြီး ပညာ အရည်အချင်းသတ်မှတ်ချက်လျှော့ပေါ့စဉ်းစားပါသည်။ သင်တန်းတက်ရောက်လိုပါက လျှောက်လွှာ များကို ]]ကုန်သွယ်မှုသင်တန်းကျောင်း၊စတုတ္ထ ထပ်၊ ရန်ကုန်ပို့ကုန်သွင်းကုန်ရုံး၊ စီးပွားရေးနှင့်ကူး သန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊   ကမ်းနားလမ်း နှင့် ရွှေဘုံသာလမ်းထောင့်၊ ရန်ကုန်မြို့}}၌  လာ ရောက်ရယူလျှောက်ထားနိုင်ပါသည်။ ထပ်မံ သိရှိ လိုသော အချက်များရှိပါက  ဖုန်း - ဝ၁၂၅၀၈၇၁ နှင့် ဝ၁၃၇၈၇၉၈ သို့လည်းကောင်း၊  အီးမေးလ်[email protected] နှင့်thein [email protected] သို့လည်းကောင်း ဆက် သွယ်နိုင်ပါသည်။
အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသင်တန်း အမှတ်စဉ် (၉)ကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ နောက်ဆုံး ပတ်တွင် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သတင်း ကောင်းပါးအပ်ပါသည်။

Agency Ministry of Foreign Affairs
Category General