ပြည်ပဲကြီးဈေးကွက်တွင် ပဲကြော်ဖိုသမား ပုံမှန်ဝယ်ယူ
 
                                                    
                
	နိုဝင်ဘာလဆန်းရက်အတွင်း ပြည်ပဲဈေးကွက်မှာ  အရောင်းအဝယ် ပုံမှန်ဖြစ်သလို ဈေးငြိမ်ငြိမ်နဲ့ အရောင်း အဝယ်ဖြစ်ခဲ့တဲ့ ပဲကြီးသီးနှံကို ပဲကြော် ဖိုသမားများက   တစ်ရက် အိတ် ၂၀ဝ ကျော်နေ့စဉ်ဝယ်ယူလျက်ရှိတာကို တွေ့ ရပါတယ်။ပြည်ဈေးကွက်မှာ   ပဲအဝင်မရှိ တော့ဘဲ လက်ကျန်  ပဲများနဲ့ အရောင်း အဝယ်ဖြစ်ခဲ့ကြကာ  ပဲကြီး(ရွှေကျွန်း) တစ်တင်း ကျပ် ၂၆၅၀ဝ၊ (ကမ်းနား) တစ်တင်း  ကျပ် ၂၃၅၀ဝ ဖြင့် ယခင်လ ကုန်ဈေးအတိုင်းရရှိခဲ့ကြပါတယ်။ပဲကြီး သီးနှံဟာယခုနှစ်အတွင်း တစ်နှစ်တာ လုံး ဈေးငြိမ်လျက်ရှိတာကြောင့် ကျပ် သုံးသောင်းအောက်သာရရှိခဲ့ကြပြီး  ပဲ သစ်ပေါ် ချိန်မှစ၍ ယခုအချိန်အထိ ဈေးသိသိသာသာ   မြင့်တက်ခြင်းမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။ ခင်ဆွေဝင်း
	 
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
