မူဆယ်ရေထွက်ကုန်တန်ချိန်ရော တန်ဖိုးပါ လျော့နည်း တင်ပို့
 
                                                    
                
	မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ အောက်တိုဘာ ၈ ရက်မှ ၁၄ ရက် သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၃၇ သန်း တန်ဖိုးရှိ ရေထွက်ကုန် ၁၃၅၈ တန်ကျော် ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က
	အမေရိကန်ဒေါ်လာ ၃ ဒသမ ဝ၄၆ သန်း တန်ဖိုးရှိ ရေထွက် ကုန် ၁၃၉၄ တန်ကျော်တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ် ရေထွက်ကုန်တန် ၃၀ ခန့်၊ တန်ဖိုးအနေနဲ့ အမေရိကန်ဒေါ်လာ သုည ဒသမ ၅၀၉ သန်း လျော့နည်းခဲ့ပါတယ်။ ငါးဆားနယ်၊
	ပုဇွန်ခြောက်မှုန့်၊ ငါးမှုန့်၊ ကဏန်း၊ ငါးပူတင်း အရေခွံခြောက်တို့ တင်ပို့မှု လျော့နည်းခဲ့တာကြောင့် ရေထွက်ကုန် တင်ပို့မှုမှာ တန်ချိန်ရော တန်ဖိုးပါ လျော့နည်းခဲ့ရကြောင်း သိရပါတယ်။ တစ်ဖက်နိုင်ငံ ယွမ်ဈေးအနေဖြင့် ငါးရှဉ့်တစ်တန်လျှင် ၁၈၀ဝဝ ယွမ်နဲ့ ကဏန်းတစ်လျှင် ၅၄၀ဝဝ ယွမ်ဈေးရရှိခဲ့ကြောင်း မူဆယ်ကုန်စည်ဒိုင်မှ သိရပါတယ်။
	မော်မော်အောင်
	 
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
