ယခင်တစ်ပတ်ထက် ဘိလပ်မြေတန်ချိန် ၁၈၀ဝဝ ကျော်ပိုတင်သွင်း
 
                                                    
                
	အောက်တိုဘာ ၉ ရက်မှ ၁၅ ရက် သီတင်းပတ်အတွင်း   ကန်ဒေါ်လာ ၂၀၄၄၂၂၄  တန်ဖိုးရှိ    ဘိလပ်မြေ ၂၅၂၆၀ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တရုတ်နိုင်ငံမှ ၅၆ တန်၊
	မလေးရှားမှ ၅၄ တန်နဲ့    ထိုင်းနိုင်ငံမှ ၂၅၁၅၀ တန် တင်သွင်းခဲ့တယ်လို့ သိရ ပါတယ်။  ဒီတစ်ပတ်မှာ ထိုင်းနိုင်ငံမှ အများဆုံးတင်သွင်းခဲ့ပြီး စိန်တံဆိပ်နဲ့  အက်စ်စီဂျီစတဲ့  တံဆိပ်များ တင်သွင်းခဲ့တယ် လို့ သိရပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေတင်သွင်းမှုမှာ  ၆၇၈၄ တန်ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်သွင်းမှုနဲ့နှိုင်းယှဉ်ရင် တန်ချိန် ၁၈၄၀ဝ ကျော် ပိုမိုတင် သွင်းခဲ့တယ်လို့ သိရပါတယ်။
	 
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
