ငွေလဲနှုန်းများ ပြန်လည်မြင့် တက်၊ အမြင့် ဆုံးဈေးအဖြစ် ကျပ် ၁၃၀ဝ နီးပါးသို့ ရောက်ရှိ
 
                                                    
                
	ယခုတစ်ပတ်အတွင်း ပြည်တွင်းငွေလဲနှုန်းများ ပြန်လည်မြင့်တက်လာခဲ့ကာ အမြင့်ဆုံးဈေးအဖြစ် အမေရိကန် တစ်ဒေါ်လာကို ကျပ် ၁၃၀ဝ အထိ ရောက်ရှိခဲ့ ကြောင်း သိရသည်။ ဗဟိုဘဏ် ၏ခေါ်ယူတွေ့ဆုံမှုအပြီးတွင် ပြည်တွင်ငွေလဲနှုန်းများ ပြန်လည်ကျဆင်းခဲ ့သော်လည်း ယခုနောက်ပိုင်းတွင် ပြန်လည်မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ ပြင်ပငွေလဲနှုန်းများ မြင့်တက်ခဲ့သည့်နည်းတူ ဗဟိုဘဏ်ကလည်း ၎င်း၏ ရည်ညွှန်းငွေလဲနှုန်းကို လိုက်ပါမြင့်တက်စေသဖြင့် ယခုကဲ့သို့ငွေလဲနှုန်းများ  မြင့်တက်နေရခြင်းဖြစ်သည်ဟု ဆိုသည်။ထို့ပြင် ပြင်ပဈေးကွက်များတွင် ဝယ်လိုအားများ မြင့်တက်နေပြီး ရောင်းလို အားမှာမူ အနည်းငယ်သာရှိနေသဖြင့် ယခုကဲ့သို့ဈေးမြင့်တက်ရခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်းမှစုံစမ်းသိရှိရသည်။]]အပြင်က ဈေးတက်တာနဲ့ ဗဟိုဘဏ်ကလည်း သူ့ရဲ့ရည်ညွှန်းငွေလဲနှုန်းကို လိုက်ပြီးမြင့်တက်နေတာ။ ဗဟိုဘဏ်က ဘဏ်တွေကို လေလံစနစ်နဲ့ ရောင်း ချပေး နေပေမယ့် အဲဒီဘဏ်တွေက ဝယ်လိုအားရှိသလောက် ရောင်းချမပေးနိုင်တဲ့အတွက် ပြင်ပဈေးကွက်မှာ ဈေးတွေမြင့်တက်လာရတာပါ။ အပြင်ကဈေးအတိုင်း ဗဟို ဘဏ်က လိုက်ပြီးသတ်မှတ်နေတဲ့အတွက် အခုလို ဈေးတွေမြင့်တက်နေရတာပါ}}ဟု ဈေးကွက်အတွင်း ဝယ်ရောင်းပြုလုပ်နေသူတစ်ဦးက ပြောကြားခဲ့သည်။ပြင်ပငွေလဲစင်တာများတွင် အောက်တိုဘာ ၁၇ ရက်က ရောင်းဈေး ၁၂၈၃ ကျပ်၊ ဝယ်ဈေး ၁၂၇၈ ကျပ်ရှိခဲ့ပြီး အောက်တိုဘာ ၁၉ ရက်တွင်ရောင်းဈေး ၁၂၈၇ ကျပ်၊ ဝယ်ဈေး ၁၂၈၂ ကျပ်သို့ မြင့်တက်ခဲ့သည်။ အောက်တိုဘာ ၂၀ ရက်တွင် အမြင့်ဆုံးဈေးအဖြစ် ကျပ် ၁၂၉၀ သို့ ရောက်ရှိခဲ့သည်။ အောက် တိုဘာလ ၂၁ ရက်တွင် အနည်းငယ် ပြန်လည်ကျဆင်းခဲ့ကာ ရောင်းဈေး ၁၂၈၇ ကျပ်၊ ဝယ်ဈေး ၁၂၈၃ ကျပ်ရှိခဲ့သည်။                                           မယ်သီတာ
	 
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
