သီတင်းကျွတ်ကာလပြည်ပဲဈေးကွက်မှာ ပဲတီစိမ်းဈေးမြင့် တက်လာခဲ့ ပေမယ့် ကျန်ပဲများဈေးငြိမ်အရောင်းအဝယ်ဖြစ်လျက်ရှိ
 
                                                    
                
	ပဲခူးတိုင်းဒေသကြီး ပြည်ပဲမျိုးစုံ ဈေးကွက်မှာ အောက်တိုဘာလလယ် အတွင်း ပြည်တွင်း၊ ပြည်ပဝယ်လက်ပဲ အားလုံးဈေးအတက်အကျ သိပ်မဖြစ် ခဲ့ဘဲ ပဲတီစိမ်းသီးနှံဈေး မြင့်တက်လာ ပြီး ကျန်ပဲအားလုံးလိုလို ဈေးငြိမ်အရောင်း
	အဝယ် ဖြစ်နေခဲ့တာကိုတွေ့ရ ပါတယ်။ မတ်ပဲသီးနှံမှာ ဒုတိယပတ်မှစ၍ ဈေးလျော့လာပြီး ယခုချိန်အထိလည်း ဈေးပြန်မြင့်တက်လာခြင်းမရှိဘဲ ဈေး ငြိမ်နေခဲ့ပါတယ်။ ပဲအဝင်မရှိပေမယ့် တစ်ခါတစ်ရံ အိတ် ၅၀ နှင့် ၁၀ဝ ကြား ဝင်ရောက်ခဲ့ပြီး ဝယ်လက်ကတော့ ရန်ကုန်ဝယ်လက်ဝယ်ယူမှုရှိလို့ တစ် ရက်   အိတ် ၁၅၀ နှင့် ၂၀ဝ ကြား အရောင်းအဝယ်ဖြစ်ခဲ့ကာ ဈေးအေးနေ သလို အရောင်း အဝယ်လည်း အေးနေ ခဲ့တာကို တွေ့ရပါတယ်။ ယခင်နှစ်က အောက်တိုဘာလ အတွင်း လကုန်ပတ်မှာ မျိုးပဲများဝယ် ယူမှုရှိခဲ့တဲ့အတွက် ပဲဈေးနှုန်းဟာ တစ် တင်း ကျပ်ခုနစ်သောင်းကျော် အထိ စံချိန်တင်မြင့်တက်ခဲ့ပေမယ့် ယခုနှစ် မှာတော့ ပဲဈေးနှုန်းဟာ ယခုချိန်အထိ ဈေးအေးနေဆဲဖြစ်လို့ ယခင်နှစ်ဈေးကို မီနိုင်မယ့်အလားအလာမရှိဘူးလို့ ပဲ
	လှောင်လက်တောင်သူအချို့က  ထင် မြင်ယူဆလျက်ရှိနေပါတယ်။ ပဲတီစိမ်းသီးနှံမှာ  ပန်းတောင်း၊ ကံမဘက်မှ   ပဲအဝင်နည်းပေမယ့် တစ် ရက် အိတ် ၂၅၀ မှ ၃၀ဝ ကျော်အထိ ဝင်ရောက်လျက်ရှိပြီး မန္တလေးဝယ် လက်သမားများက နေ့စဉ်ဝယ်ယူနေ
	တာကြောင့် ဝင်လာသမျှပဲများအားလုံး ဝယ်ယူခဲ့ကြောင်း သိရပါတယ်။ ပဲဈေးနှုန်းမှာ ယခင်တစ်ပတ် ထက် ဈေးမြင့်တက်ခဲ့လို့   တစ်တင်း ၂၆၅၀ဝ ကျပ်မှ ကျပ် ၂၈၀ဝဝ အထိ ရရှိခဲ့ပါတယ်။ လဆန်းရက်က တစ်တင်း ၂၄၅၀ဝ ကျပ်ဖြင့်သာအရောင်းအဝယ် ဖြစ်ခဲ့ပေမယ့် ယခုတစ်ပတ်မှာ မတ်ပဲ၊ ပဲစင်းငုံဈေးငြိမ်ပေမယ့် ပဲတီစိမ်းသီးနှံ တစ်မျိုးသာ  ပြည်ပဝယ်လက်ပဲထဲမှာ ဈေးမြင့်လာခဲ့ပါတယ်။ ယခင်နှစ် အောက်တိုဘာလအတွင်း ပဲတီစိမ်းသီး နှံဟာ ဈေးကွက် အတွင်း လက်ကျန်မရှိ တဲ့အတွက် အရောင်းအဝယ်မဖြစ်ခဲ့ဘူး လို့လည်း လေ့လာသိရှိရပါတယ်။ ပဲစင်းငုံသီးနှံမှာ    အဝင်မရှိဘဲ လက်ကျန်ပဲများကို  တစ်ခါတစ်ရံအိတ် ၂၀ဝ မှ ၃၀ဝ ကြား ရန်ကုန်ဝယ်လက်က ဝယ်ယူမှုရှိခဲ့ပါတယ်။ ပဲဈေးမှာ တစ် တင်း ၃၃၅၀ဝ ကျပ်ဖြင့် ဈေးငြိမ်နေ ပြီး စက်တင်ဘာလအတွင်းက ရရှိခဲ့တဲ့ဈေး နှုန်းထက်လည်း  ဈေးလျော့နည်းနေ တာကို တွေ့ရပါတယ်။ ပဲစင်းငုံသီးနှံ မှာလည်း    ပဲတီစိမ်းသီးနှံကဲ့သို့ပင် ယခင်နှစ်စက်တင်ဘာလအတွင်းမှာက တည်းက   လက်ကျန်ပြတ်သွားခဲ့လို့
	အောက်တိုဘာလမှာ အရောင်း အဝယ် မဖြစ်တာကို တွေ့ရပါတယ်။ ယခင်နှစ် က ပဲစင်းငုံသီးနှံ ပဲလက်ကျန်ပြတ်ချိန် အပိတ်ဈေးနှုန်းမှာ   တစ်တင်းကျပ် ၅၃၀ဝဝ  ရရှိခဲ့လို့  ယခုနှစ်ဈေးကတော့ ယခင်နှစ်ကဈေးထက် တစ်တင်း ကျပ် ၂၀ဝဝဝ နီးပါးလျော့နည်းနေခဲ့ကြောင်း သိရပါတယ်။ကုလားပဲသီးနှံမှာ  ဈေးအမြင့်နဲ့ ဆက်လက်ဈေးငြိမ်နေကြောင်း သိရပြီး ပဲအဝင်နည်းလို့ တစ်ရက်အိတ် ၁၀ဝ မှ ၂၀ဝ ခန့်သာ   ဝင်ရောက်ခဲ့ပါတယ်။ ဝယ်လက်အနေဖြင့် ပဲခွဲစက်သမားများ
	ပုံမှန်ဝယ်ယူခဲ့တဲ့အတွက် တစ်ရက် အိတ် ၂၀ဝ မှ ၃၀ဝ ကျော်အထိ အရောင်း အဝယ်  ဖြစ်ခဲ့ကြပါတယ်။ ပဲဈေးကွက် မှာ ဈေးနှုန်းအနေဖြင့် မတ်ပဲသီးနှံဈေး ပြီးလျှင် ဒုတိယဈေးအမြင့်ဆုံး ရနေခဲ့ တာကိုလည်း  တွေ့ရပါတယ်။ ယခင်နှစ်  
	အောက်တိုဘာလအတွင်း မျိုးပဲဝယ်ယူ ချိန်တွင် ကုလားပဲဈေးနှုန်းဟာ တစ်တင်း   ကျပ် ၄၀ဝဝဝ အထိ ဝယ်ယူမှုရှိခဲ့လို့  ယခုနှစ်မှာတော့ မျိုးပဲ ဝယ်ယူမှုမရှိသေး တဲ့အတွက် ပဲဈေးနှုန်းဟာ   ဈေးဆက် ကောင်းလာမလား စောင့်ကြည့်နေခဲ့ကြ
	တယ်လို့ သိရပါတယ်။ပဲကြီးသီးနှံမှာ  ယခုနှစ်အတွင်း ဈေးအတက်အကျ သိပ်မဖြစ်ခဲ့ဘဲ ဈေး ငြိမ်ငြိမ်နဲ့သာ အရောင်းအဝယ်ဖြစ်ခဲ့ပါ တယ်။ ယခုတစ်ပတ်မှာလည်း ပဲကြီး ဈေးဟာ ဈေးဆက်ငြိမ်နေလို့ (ရွှေကျွန်း) တစ်တင်းကျပ် ၂၇၀ဝဝ၊ (ကမ်းနား)
	တစ်တင်း ၂၃၅၀ဝ ကျပ်ဖြင့် ပဲကြော်ဖို သမားများ နေ့စဉ်ဝယ်ယူမှုရှိကာ အိတ် ၂၅၀ ကျော်   အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။ ဘိုကိတ်၊ ပဲလွန်းဖြူနဲ့ ပဲပုပ်သီးနှံ များမှာလည်း ပဲအဝင်မရှိခဲ့ဘဲ  လက် ကျန်ပဲများသာ အသင့်အတင့်အရောင်အဝယ်ရှိလို့   လက်လီသမားအနည်း ငယ်ဖြင့် ရောင်းဝယ်ခဲ့ကြရကာ ပဲဈေး နှုန်း   အားလုံးဈေးဆက်ငြိမ်နေခဲ့တဲ့ အတွက် ဘိုကိတ်ပဲတစ်တင်း  ၂၄၅၀ဝ ကျပ်၊ ပဲလွန်းဖြူတစ်တင်း ကျပ် ၂၄၀ဝဝ၊ ပဲပုပ်တစ်တင်း    ကျပ် ၂၂၀ဝဝ ဖြင့်
	အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း လေ့လာ သိရှိရပါတယ်။    ခင်ဆွေဝင်း
	 
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
