ပြည်စားတော်ပဲဈေးကွက် ယခင်နှစ်များနည်းတူ ဈေးကောင်းဆက်လက်ရ
 
                                                    
                
	ပြည်ပဲဈေးကွက်အတွင်း ဒေသတွင်းမှ လက်လီသမား များနဲ့သာ အရောင်းအဝယ်အဖြစ်များတဲ့ စားတော်ပဲသီးနှံဟာ ဈေးနှုန်းအနေဖြင့် ပြည်ပဝယ်လက်ပဲတွေဖြစ်တဲ့  ပဲစင်းငုံ၊ မတ်ပဲသီးနှံများကဲ့သို့ ဈေးကောင်းရတဲ့သီးနှံတစ်မျိုးဖြစ်ခဲ့ပါ
	တယ်။ ယခုနှစ်မှသာလျှင် ပြည်ပဝယ်လက်သီးနှံတွေဖြစ်တဲ့ မတ်ပဲ၊ ပဲစင်းငုံသီးနှံများ ဈေးကောင်းရလာသလို စားတော်ပဲ သီးနှံကလည်း အဲဒီသီးနှံတွေအတိုင်း ဈေးပြိုင်နီးပါးရရှိခဲ့ပါ တယ်။ ၂၀၁၄ခုနှစ်က စားတော်ပဲသီးနှံဟာ ပဲဈေးကွက်မှာ
	ဈေးအမြင့်ဆုံးဈေးနဲ့ ထိပ်ဆုံးက ရပ်တည်နေခဲ့တာကို တွေ့ရ ပါတယ်။ ဒါကြောင့် အခြားပဲများ နှစ်အလိုက်ဈေးအတက်အကျ မြန်ပေမယ့် စားတော်ပဲသီးနှံမှာမူ နှစ်စဉ်လိုလို ဈေးကောင်းရခဲ့တဲ့သီးနှံဖြစ်လျက်ရှိပါတယ်။   ယခုအောက်တိုဘာလ
	အတွင်း လက်ကျန်ပဲများ  နေ့စဉ်လက်လီဝယ်ယူမှုများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ သလို တစ်တင်းကျပ် ၃၈၅၀ဝနှင့် ကျပ် ၃၉၀ဝဝ အကြား ရရှိခဲ့တယ်လို့ သိရပါတယ်။    
	         ခင်ဆွေဝင်း
	 
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
