ချင်းရွှေဟော်ရော မြဝတီမှပါနှမ်းတင်ပို့
 
                                                    
                
	မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှ စက်တင်ဘာ တတိယပတ်တွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၂၀၁ သန်း တန်ဖိုးရှိ နှမ်းဖြူ ၆၀၆ တန်ကျော်နဲ့ နှမ်းနက် ၂၅၅၉ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ချင်းရွှေဟော်မှ နှမ်းရောင်စုံ ၂၈၂၄ တန်ကျော် တင်ပို့ခဲ့လို့  ယခုသီတင်းပတ်မှာနှမ်း၃၄၁တန်ကျော်ပိုမိုတင်ပို့လာတာတွေ့ရပါတယ်။
	ယခုတစ်ပတ် နှမ်းညို တင်ပို့မှု မရှိခဲ့ပါဘူး။ မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ် ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၄၂၀ဝဝ တန်ဖိုးရှိ နှမ်းနက် ၂၈ တန် တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က ၃၁တန်ကျော် တင်ပို့ ခဲ့တာမို့ မြဝတီမှလည်း ယခုတစ်ပတ်မှာ  နှမ်းပိုမိုတင်ပို့ခဲ့ပါ တယ်။မူဆယ်ကုန်စည်ဒိုင်မှာ စက်တင်ဘာ ၁၇ ရက်မှ ၂၃ ရက်အတွင်း နှမ်းဖြူ  တစ်တန်ဈေး ၈၀၃၆၇၀ ကျပ်၊နှမ်းနက် တစ်တန်ဈေး ၂၃၆၃၃၀၃ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။
	မော်မော်အောင်
	 
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
