စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် Myanmar Opening up for Business Forum သို့တက်ရောက်
	ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO) ရုံး၌ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၆  ရက် မှ ၃၀ ရက်အထိ ကျင်းပပြုလုပ်သည့် Public Forum   နှင့်  Myanmar Opening up for Business Forum ဆွေးနွေးပွဲများသို့ တက်ရောက်ရန် ရောက်ရှိနေသည့် စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်သည် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ကျင်းပ ပြုလုပ်သည့် MyanmarOpeningupforBusinessForumဆွေးနွေးပွဲသို့တက်ရောက်ပြီးအဖွင့်အမှာစကားပြောကြားခဲ့သည်။
	ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်ကအဖွင့်အမှာစကားပြောကြားရာတွင်အစိုးရသစ်အနေဖြင့် ၂၀၁၆ ခုနှစ်၊ ဧပြီလမှစတင်လျက် တာဝန်ယူဆောင်ရွက်ခဲ့ပြီး မကြာ သေးခင်ကပင်စီးပွားရေးမူဝါဒ(၁၂)ချက်ကိုချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်မှုသည်အလုပ်အကိုင်အခွင့်အလမ်းဖန်တီးရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်များစွာအဓိကကျသည့်အတွက်အဆိုပါကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်လျက် ရှိပါကြောင်း၊ ကုန်သွယ်မှု ကုန်ကျ စရိတ်လျှော့ချခြင်းနှင့်စီးပွားရေးအခြေခံ အဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်စေခြင်း၊ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးတို့အတွက်ပြုပြင်ပြောင်းလဲမှုများကိုလည်းကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊
	၂၀၁၃ ခုနှစ် ဇူလိုင်တွင် ဥရောပသမဂ္ဂမှ စီးပွား ရေးပိတ်ဆို့မှုများအား ဖယ်ရှားပေး ခဲ့ပြီးဖြစ်သဖြင့် ဈေးကွက်အခွင့် အလမ်းများ  ပိုမိုရရှိခဲ့ပါကြောင်း၊ ၂၀၁၄ ခုနှစ် မတ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးသော ကုန်သွယ်မှု မူဝါဒ လေ့လာဆန်းစစ်ခြင်း လုပ်ငန်းစဉ်အား အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါ ကြောင်း၊ အမျိုးသားပို့ကုန် မဟာဗျူဟာ ရေးဆွဲခြင်းနှင့် အသိပေးကြေညာခြင်း လုပ်ငန်းစဉ်ကို ၂၀၁၅ ခုနှစ်တွင် ဆောင် ရွက်ခဲ့ပြီး ပို့ကုန်ကဏ္ဍတွင် အဓိက ဦးစားပေးကဏ္ဍများ ရွေးချယ်သတ် မှတ်ခဲ့ပါကြောင်း၊ ယင်း လုပ်ငန်း စဉ်များကို အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ရေးအတွက် အပြည် ပြည်ဆိုင်ရာ   ကုန်သွယ်မှု ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (ITC) နှင့် ဂျာမန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီတို့မှ နည်းပညာနှင့် ငွေကြေးအကူအညီ များ ပံ့ပိုးပေးခဲ့ပါကြောင်းနှင့်  မြန်မာ နိုင်ငံ၏ စီးပွားရေးဆိုင်ရာ ပွင့်လင်း လာမှုများ၊ လက်ရှိကုန်သွယ်မှု ဖွံ့ဖြိုး လာမှုနှင့် မကြာသေးမီက ချမှတ်ခဲ့သည့် စီးပွားရေး မူဝါဒများကို ဖြန့်ဝေရန် ရည်ရွယ်ကျင်းပသည့် အုပ်စု အလိုက် ဆွေးနွေးပွဲငယ်များတွင် ပါဝင်တက် ရောက် ဆွေးနွေးမှုများအပေါ် များစွာ တန်ဖိုးထား ဝမ်းမြောက်မိပါကြောင်း ပြောကြားခဲ့ပါသည်။  အဆိုပါ   အခမ်းအနားသို့ ကမ္ဘာ့ဘဏ်၊ဥရောပသမဂ္ဂ၊EIFအတွင်းရေးမှူးရုံးအဖွဲ့၊  ပုဂ္ဂလိက ကဏ္ဍ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များ အပါအဝင် စုစု ပေါင်း  ကိုယ်စားလှယ်  ၁၀ဝ  ဦးခန့် တက်ရောက်ခဲ့ပြီး တက်ရောက်သူများ က  Forum နှင့်ပတ်သက်၍ သိရှိလို သည်များကို မေးမြန်းကြရာ သက် ဆိုင်ရာတာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ကြောင်း သတင်း ရရှိပါသည်။                    
	MOC (IR)
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
