MTSHအစုရှယ်ယာတစ်စုအားဆယ်စုအဖြစ်သို့ ရှယ်ယာခွဲဝေ
 
                                                    
                
	မြန်မာသီလဝါ  အက်စ်အီးဇက်ဟိုးလ်ဒင်းပတ်ဘလစ်  လီမိတက်အနေဖြင့်  ရင်းနှီးမြှုပ်နှံသူများနှင့်  အစုရှယ်ယာ  များသို့ ကုမ္ပဏီ၏လက်ရှိ  သာမန်အစုရှယ်ယာတစ်စုအားဆယ်စုအဖြစ်သို့  ရှယ်ယာခွဲခြမ်းခြင်း  (Share  Split)   များ ပြုလုပ်ရန် စက်တင်ဘာလ ၂၈ ရက်တွင် ဒါ ရိုက်တာအဖွဲ့က ဆုံးဖြတ်ခဲ့ကြောင်း MTSH ၏  ကိုယ်ပိုင်ဝက်ဘ်ဆိုက်တွင်  ဖော်ပြထားသည်။အဆိုပါကြေညာချက်တွင် ရှယ်ယာခွဲခြမ်းခြင်း ခံစားခွင့် ရရှိမည့် အစုရှယ်ယာရှင်အဖြစ် အတည်ပြုမည့်နေ့ရက်အား သတ်မှတ်ပြီးပါက ရင်းနှီးမြှုပ်နှံသူများနှင့်
	အစုရှယ်ယာရှင်များ ထံသို့  ထပ်မံအသိပေး  အကြောင်းကြားမည်ဖြစ်ကြောင်း  ဖော်ပြထားသည်။ရှယ်ယာခွဲခြမ်းခြင်းအစီအစဉ်အရ အစုရှယ်ယာတစ်စု၏မူရင်းသတ်မှတ် တန်ဖိုးသည် ကျပ် ၁၀ဝဝဝ မှ ကျပ် ၁၀ဝဝ သို့ လျော့ကျသွားမည်ဖြစ်ပြီး ကုမ္ပဏီက ထုတ်ဝေရောင်းချ
	ခဲ့သည့်  အစုရှယ်ယာစုစုပေါင်းမှာလည်း  ၃ç၈၉၂ç၉၁၅  စုမှ  ၃၈ç၉၂၉ç၁၅၀ သို့ပြောင်းလဲသွားမည်ဖြစ်သည်။ ယင်းကဲ့သို့ ရှယ်ယာခွဲခြမ်းခြင်း အစီအစဉ်ကို ပြုလုပ်ရ ခြင်းမှာရင်းနှီးငွေနည်းပါးသည့် ပြည်သူများ မိမိရင်းနှီးနိုင် သည့်ငွေပမာဏအလျောက် လွယ်လင့်တကူ ဝယ်ယူရင်းနှီး မြှုပ်နှံနိုင်ရန်နှင့် ကဏ္ဍစုံမှ ရင်းနှီးမြှုပ်နှံသူများ ပိုမိုပါဝင်လာခြင်းဖြင့် ရှယ်ယာရောင်းဝယ်မှု ပမာဏမြင့်တက်လာစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း အဆိုပါကြေညာချက် တွင် ဖော်ပြထားသည်။ရှယ်ယာခွဲခြမ်းခြင်းအစီအစဉ်အရ  မူလကအစုရှယ်ယာ တစ်စုပိုင်ဆိုင်သော အစုရှယ်ယာရှင်များသည် အစုရှယ်ယာ  ၁၀ စုပိုင်ဆိုင်သွားမည်ဖြစ်ပြီးရှယ်ယာခွဲခြမ်းခြင်းအတွက်ငွေကြေး  ထပ်မံပေးဆောင်ရန်  မလိုအပ်ကြောင်းလည်း  ကြေညာချက်တွင် ဖော်ပြထားသည်။ဒါရိုက်တာအဖွဲ့က အဆိုပြုထားသည့် ရှယ်ယာခွဲခြမ်း ခြင်း အစီအစဉ်အား
	အထူးဆုံးဖြတ်ချက်ချမှတ်၍ သင်းဖွဲ့ စည်းမျဉ်းအား ပြင်ဆင်ဖြည့်စွက်ရန် ၂၀၁၆ခုနှစ် အောက်တို ဘာလ ၂၃ ရက်တွင် ကျင်းပမည့် သာမန်ထက်ထူးကဲသော အထွေထွေအစည်းအဝေးတွင်  အစုရှယ်ယာရှင်များ၏  အတည်ပြုချက်ကို ရယူမည်ဖြစ်ကြောင်း သိရသည်
	 
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
