စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်ဥရောပသမဂ္ဂ (EUMission)၏အမြဲတမ်းဌာနေကိုယ်စားလှယ်၊ဩစတြေးလျနိုင်ငံဆိုင်ရာသံအမတ်ကြီး၊ ကမ္ဘာ့ဘဏ်အဖွဲ့မှတာဝန်ရှိသူများ၊ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ်တို့နှင့် တွေ့ဆု
	စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဆွစ် ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကုန် သွယ်ရေးအဖွဲ့
	(WTO)ရုံးတွင် စက် တင်ဘာလ ၂၆  ရက်မှ ၃၀ ရက်အထိ ကျင်းပပြုလုပ်သည့်  Public Forumနှင့်Myanmar Opening up forBusiness Forum ဆွေးနွေးပွဲများသို့ တက်ရောက် ခဲ့သည်။
	ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့် ဦးဆောင်သည့် မြန်မာ ကိုယ် စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၂၈ ရက် နံနက်ပိုင်းတွင် ဖွံ့ဖြိုးမှုမိတ် ဖက်အဖွဲ့အစည်းများဖြစ်သည့် ဥရောပ သမဂ္ဂ (EU Mission)၏ အမြဲတမ်းဌာနေကိုယ်စားလှယ်၊ ဩစတြေးလျနိုင်ငံဆိုင်ရာသံအမတ်ကြီး၊ ကမ္ဘာ့ဘဏ် အဖွဲ့မှတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ကုန်သွယ်မှုနှင့်ရင်းနှီး မြှုပ်နှံမှုဖွံ့ဖြိုးတိုးတက်ရေးအတွက်
	ဆောင်ရွက်နေမှုများ၊ကုန်သွယ်မှုလျင် မြန်ချောမွေ့စေရေးနှင့်ကုန်သွယ်မှု မြှင့်တင်ရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများ၊DTISအစီရင်ခံစာပါ ရှေ့ဆက် ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များအနက်မှဦးစားပေးကဏ္ဍများကို ရွေး ထုတ်၍ ကာလလတ်စီမံကိန်း (Medium Term Plan) ရေးဆွဲထားရှိမှုများ၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးခဲ့ပြီးအဆိုပါလုပ်ငန်းစဉ်များ အောင်မြင်စွာအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားနိုင်ရေးတို့ကို ဆွေးနွေး ခဲ့ပါသည်။ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့် ဦးဆောင် သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၂၈ ရက်မွန်းလွဲပိုင်းတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ညွှန်ကြား ရေးမှူးချုပ် Mr. Roberto Azevedoနှင့်
	တွေ့ဆုံ၍ မြန်မာနိုင်ငံအနေဖြင့်အခြား သောကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင် နိုင်ငံများနည်းတူ နိုင်ငံတကာ ကုန်သွယ် မှုစနစ်တွင် လိုက်ပါဆောင်ရွက်မှုများ နှင့် တိုးတက်လာမှုများ၊ ကုန်သွယ်မှု နှင့်ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်နေမှုများနှင့် နည်း ပညာ အကူအညီများ ဆက်လက်ပံ့ပိုး
	ပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
	အဆိုပါဆွေးနွေးပွဲများသို့ စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊   ကုန်သွယ်ရေးဦးစီးဌာနနှင့်
	မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ တို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ
	ကြောင်း သတင်းရရှိပါသည်။
	MOC (IR)
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
