စက်တင်ဘာတတိယပတ် ပြည်ပဲမျိုးစုံဈေးကွက်မှာ မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ သီးနှံဈေးများ တက်ရိပ်ပြ
 
                                                    
                
	ပဲခူးတိုင်းဒေသကြီး၊  ပြည်ပဲမျိုးစုံ    ဈေးကွက်အတွင်း  စက်တင်ဘာ တတိယပတ်မှာ ပဲဈေးများ ဈေးပြန်လှုပ်လာတာကို
	တွေ့ရပါတယ်။ မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ စသည်ဖြင့် ပဲဈေး နှုန်းများ ယခင်တစ်ပတ် ကထက် ဈေးပိုလာပြီး ပဲစင်းငုံသီးနှံသာ
	ဈေးအနည်းငယ် လျော့သွားခဲ့ပါတယ်။ မတ်ပဲသီးနှံမှာ ပဲအဝင် မရှိသလောက်ပါးခဲ့ပြီး လက်ကျန်ပဲအချို့ရှိခဲ့တာကြောင့် ရန်ကုန်
	ဝယ်လက်ရဲ့ ဝယ်ယူမှုအပေါ်မူတည်ပြီး တစ်ရက်လျှင် အိတ် ၁၅၀ ကျော် ၂၀ဝ ရောင်းချရပြီး ပဲဈေးမှာ တစ်တင်း ကျပ် ၄၃၅၀ဝ မှ ကျပ် ၄၄၀ဝဝ ကျော်အထိရရှိခဲ့ကာယခင်တစ်ပတ်ထက်တစ်တင်းကျပ်နှစ်ထောင်နီးပါး မြင့်တက်ခဲ့ပေမယ့်ယခု ဈေးနှုန်းကယခင် နှစ်ထက်လျော့နည်းနေသေးတာကို တွေ့ရ ပါတယ်။ယခင်နှစ်  စက်တင်ဘာလအတွင်းက  မတ်ပဲဈေး  တရိပ်ရိပ်မြင့်တက်လာ ခဲ့လို့ လကုန်မှာ တစ်တင်း ကျပ် ခြောက် သောင်းအထိ ရရှိခဲ့ကြောင်းသိရပြီး အောက်တိုဘာ၊ နိုဝင်ဘာ လများမှာ မတ်ပဲဈေးက
	စံချိန်တင်မြင့်တက်ခဲ့ပါတယ်။ယခုနှစ်ပဲဈေးဟာပဲသစ်ပေါ်ချိန်မှယခုချိန်အထိတစ်ဟုန်ထိုးမြင့်တက်လာခြင်းမျိုးမရှိဘဲဇွန်၊ဇူလိုင်လများမှာတစ်တင်းကျပ်ငါးသောင်းကျော်ရရှိခဲ့ပြီးနောက်ပိုင်းကာလများတွင်ပဲဈေးနှုန်းလျော့နည်းလာခဲ့တဲ့အတွက်ယခုနှစ်ပဲဈေးအခြေအနေဟာယခင်နှစ်ကလို ဈေးကောင်းနိုင်မလားဆိုတာဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။တချို့တောင်သူနဲ့
	လှောင်လက်များလည်းပဲဈေးကောင်းစောင့်ရင်း ဈေးကျဆင်းလျက်ရှိ နေတဲ့အတွက် လက်ဝယ်သိုလှောင်ထားရှိမှုများ ရှိနေကြတာ တွေ့ရပါတယ်။ပဲတီစိမ်းသီးနှံမှာ  မင်းတုန်း၊ကံမ၊ပေါင်းတလည်၊  ပေါက်ခေါင်း၊ ပန်းတောင်းမြို့နယ်များမှ နေ့စဉ်ဝင်ရောက်ပေမယ့်တစ်ရက်အိတ်၃၀ဝခန့်သာ  ဝင်ရောက်ခဲ့ပါတယ်။  
	မန္တလေးလိုင်းသမားကတော့အဝင်ရှိသလောက်ဝယ်ယူနေခဲ့လို့ ဝင်ရောက်လာသမျှပဲ အားလုံး အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။ ပဲဈေးမှာ တစ်တင်း ကျပ်တစ်ထောင်ခန့် ပိုလာတဲ့အတွက် တစ်တင်းလျှင် ကျပ် ၂၁၅၀ဝ ရရှိခဲ့ပေမယ့်  ပဲသစ် ပေါ်စဈေးထက်  လျော့နည်းနေခဲ့တာကို  တွေ့ရသလိုယခင်နှစ်ကာလတူထက်လည်း ထက်ဝက်ခန့် လျော့ နည်းနေခဲ့တယ်လို့  သိရပါတယ်။  ယခင်နှစ်  စက်တင်ဘာလ  အတွင်းက တစ်တင်းလျှင် ကျပ်လေးသောင်းအထိ အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ပဲစင်းငုံသီးနှံမှာ  လက်ကျန်ပဲသာရှိတဲ့အတွက်  နေ့စဉ်  အဝယ်  မရှိဘဲရက်ခြားအရောင်းအဝယ်ဖြစ်ခဲ့ပြီး  ရန်ကုန်  ဝယ်လက်သာ အဝယ်ရှိခဲ့ပါတယ်။ အရောင်းအဝယ်ဖြစ်သည့် ရက်တွင် အိတ် ၂၀ဝ နဲ့ ၃၀ဝ ကြား အရောင်းအဝယ်ဖြစ်သလို
	ပဲဈေးနှုန်းမှာ ပဲတီစိမ်းသီးနှံထက် ဈေးမြင့်ပေမယ့် မတ်ပဲသီးနှံ ထက်တော့  ဈေးလျော့နေခဲ့တာကြောင့်  တစ်တင်း  ၃၅၀ဝဝ  
	ကျပ်ဖြင့် ယခင်တစ်ပတ်ထက်လည်း တစ်တင်း ၅၀ဝ ကျပ်ခန့် လျော့နည်းနေခဲ့တယ်လို့  သိရပါတယ်။ ကုလားပဲသီးနှံမှာ ပဲအဝင်အနည်းငယ်ရှိခဲ့ပြီး မင်းတုန်း၊ ကံမ၊ ပန်းတောင်းမြို့နယ်များမှ နေ့စဉ်ဝင်ရောက်ခဲ့သလို ဝယ် လက်ကလည်း ခွဲစက်သမားများ အဓိကထားဝယ်ယူမှု ရှိခဲ့ပါ တယ်။ ဒါကြောင့် တစ်ရက် အိတ် ၂၀ဝ ကျော် ၃၀ဝ အရောင်း အဝယ်ဖြစ်ခဲ့ပြီး ပဲဈေးမှာ တစ်တင်း ကျပ် ၄၂၀ဝဝ ဖြင့် ယခင် တစ်ပတ်ထက်လည်း ဈေးအနည်းငယ်ပိုလာသလို မတ်ပဲသီးနှံ ဈေးနှုန်းနီးပါးအထိ ဈေးကောင်းရခဲ့တဲ့ ပဲဖြစ်ခဲ့ပါတယ်။ ယခု နှစ်အတွင်း  ကုလားပဲသီးနှံဈေးဟာ  ပြည်ပဝယ်လက်ပဲများ  နည်းတူဈေးကောင်းရလျက်ရှိပြီးပဲတီစိမ်းသီးနှံထက်ပင်ဈေးပိုရလျက်ရှိတာကိုလည်းတွေ့ရပါတယ်။ပဲကြီးသီးနှံမှာယခုစက်တင်ဘာတတိယပတ်အတွင်း  ရွှေကျွန်းကတစ်တင်းကျပ်တစ်ထောင် ခန့် ဈေးပိုရလာလို့ ကျပ် ၂၇၀ဝဝ ရရှိခဲ့ပေမယ့်
	(ကမ်းနား)ပဲကတော့ ယခင် တစ်ပတ်က အတိုင်း ဈေးငြိမ်နေတာကြောင့် တစ်တင်း ကျပ်၂၄၅၀ဝဖြင့်သာပဲကြော်ဖိုလုပ်ငန်း သမားများ  ဝယ်ယူလျက်ရှိပြီးနေ့စဉ်အိတ်၂၀ဝကျော်၃၀ဝနီးပါးအရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ပဲလွန်းဖြူ၊ပဲနီပြားနဲ့ ပဲပုပ်သီးနှံများမှာပဲအဝင်မရှိဘဲလက်ကျန်ပဲအနည်းငယ်ရှိတဲ့အတွက်  ဒေသတွင်းလက်လီဝယ်ယူသူများကိုသာ  ရောင်းချခဲ့ ကြသလိုပဲလွန်းဖြူသီးနှံဈေးမှာတစ်တင်း ကျပ် ၂၄၀ဝဝ၊ ပဲနီပြားသီးနှံမှာ တစ်တင်း ကျပ် ၂၄၅၀ဝ၊ ပဲပုပ်သီးနှံမှာ တစ်တင်း ကျပ် ၂၂၀ဝဝ ဖြင့် လလယ် က ဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းများအတိုင်း ဈေးငြိမ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းလေ့လာသိရှိရပါတယ်။  
	ခင်ဆွေဝင်း
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
