အင်းတော်ငါးရှဉ့်များကို မန္တလေးဈေးကွက်သို့ နေ့စဉ်တင်ပို့
 
                                                    
                မိုးတွင်းကာလဖြစ်တာကြောင့် အင်းတော်မြို့နယ်အတွင်းမှာ ငါးရှဉ့် ထောင်ဖမ်းသူတွေ များပြားလာပါတယ်။ အင်းတော်မြို့နယ်ဟာ သစ် တော၊ လျှိုမြောင်တွေ၊ လယ် ကန် သင်းတွေ၊ ရေမြောင်းတွေ ပေါများတာ ကြောင့် ငါးရှဉ့်ဖမ်းသူတွေ ပိုမိုများပြား လာတာ ဖြစ်ပါတယ်။ အင်းတော်မြို့ပေါ်မှာ ငါးရှဉ့် အဝယ်ဒိုင်တစ်ခုရှိပြီး၊ အဆိုပါ အဝယ် ဒိုင်က မန္တလေးမြို့ပေါ်မှာရှိတဲ့ ငါးရှဉ့် အဝယ်ဒိုင်ကို အင်းတော်မြို့မှ မှန်လုံ ကားများနဲ့ သွားရောက်တင်ပို့ရောင်း ချကြတာ ဖြစ်ပါတယ်။ အင်းတော်မြို့ပေါ်မှာ ငါးရှဉ့် တစ်ပိဿာကို ကျပ် ၅၀ဝဝဈေးရှိပြီး နေ့စဉ် ပိဿာတစ်ရာကျော်အထိ ဝယ်ယူနေရကြောင်း ငါးရှဉ့်အဝယ်ဒိုင်ပိုင်ရှင် ဦးသက်ဦးက ပြောပါတယ်။ နေ့စဉ် ငါးရှဉ့်လော ရာက် ရောင်းချသူ သုံးဆယ်ကျော်လောက် ရှိပါတယ်။ တစ်ယောက်ကို သုံးပိဿာ၊ လေးပိဿာ ပုံမှန်လာရောင်းကြတယ်။ ငါးရှဉ့်ဈေးကတော့ အရွယ်စုံတစ်ပိဿာ ကို ကျပ် ၅၀ ဝဝ ဈေးရှိတာကြောင့် တစ်ယောက်ကို ကျပ် ၁၅၀ဝဝ နဲ့ ကျပ် ၂၀ဝဝဝ လောက်ရကြတယ်။ ငါးရှဉ့်ဖမ်းသူတွေက မြုန်းထောင်ပြီး ဖမ်းကြတယ်။ မြုန်းဆိုတာ ငါးဖမ်းကိ ရိယာ တစ် မျိုး ဖြစ်ပြီး ဝါးခြင်းတောင်းကို ရက်လုပ်ထားတာပါ။ အဲဒီမြုန်းထဲကို ကဏန်း အရှင်ထည့်ထားပြီး ရေအိုင်၊ ရေစပ်နားမှာထားပြီး ဖမ်းရတာပါ။ နေ့စဉ် ပိဿာ တစ်ရာကျော် အရောင်း အဝယ်ဖြစ်ပြီး မန္တလေးဈေးကွက်ကို မှန်လုံကားတွေနဲ့ တိုက်ရိုက်တင်ပို့တာပါ။ မိုးများတဲ့ နှစ်ဆိုပိုပြီး အရောင်းအဝယ်ကောင်းတယ်"လို့ ငါးရှဉ့် အဝယ်ဒိုင် ပိုင်ရှင် ဦးသက်ဦး က ပြောကြားခဲ့ပါတယ်။
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
