ပို့ကုန်အလားအလာ ကျဆင်းမှုကြောင့် မလေးရှားစားအုန်းဆီဈေးနှုန်း ပြန်လည်ကျဆင်း
 
                                                    
                စားအုန်းဆီဈေးနှုန်းများက သုံးရက်ဆက်တိုက် မြင့်တက်ခဲ့ရာမှ ပို့ကုန်အလားအလာ ကျဆင်းမှုနှင့် ဈေးရနေချိန်ကို အခွင့်ကောင်းယူကာ ပြန်လည်ရောင်းချလာသြ ဖင့် မလေး ရှားစားအုန်းဆီ ကြိုရောင်းဈေးက စက်တင်ဘာ ၂၁ ရက်မှာ ပထမအကြိမ်အဖြစ် ပြန်လည်ကျဆင်းခဲ့ကြောင်း စတားအွန်လိုင်းသတင်းတွင် ဖော်ပြသ ည်။ ဘာဆာမလေးရှား ကုန် စည်ဒိုင်(Bursa Malaysia Derivatives Exchange)၌ ဒီဇင်ဘာအတွက် စားအုန်းဆီ အခြေခံစံထားဈေးနှုန်းက စက်တင်ဘာ ၂၁ရက် ဈေးပိတ်ချိန် တွင် တစ်တန်ကို ၂၆၇၅ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၆၄၇)နှုန်းရှိခဲ့ရာ သုည ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ စောစောပိုင်းကမူ ေ ရာင်းလိုအား တင်းကျပ်မှုနှင့် အခြားသောပြိုင်ဘက်သီးနှံများ ဈေးနှုန်းမြင့်တက်မှုတို့ကြောင့် စားအုန်းဆီဈေးနှုန်းပါ မြင့်တက်ခဲ့ရာ တစ်တန်ကို ၂၇၂၈ ရ င်းဂစ်နှုန်း ရရှိခဲ့သည်။ အဆိုပါဈေးနှုန်းမှာ ဧပြီ ၂၁ ရက် နောက်ပိုင်း အမြင့်ဆုံးနှုန်းဖြစ်ခဲ့သည်။ စက်တင်ဘာ ၂၁ ရက်က စုစုပေါင်းရောင်းချမှုမှာ ၂၅ တန်ရှိ အတွဲ ၄၇၀၁၃ တွဲရှိခဲ့ရာ ၂၀၁၅ခုနှစ်ကရောင်းချခဲ့ရသော တစ်ရက်ပျမ်းမျှ ရောင်းချရသည့် အတွဲဖြစ်သော ၄၄၆၀ဝ တွဲထက် ပိုမိုများပြားခဲ့သည်။ "ပို့ကုန်ကျဆင်းမှုကြောင့် ဈေးနှု န်းကျဆင်းမှုကို ဦးတ ည်သွားစေပါတယ်"ဟု ကွာလာလမ်ပူ အခြေစိုက် ကြို ရောင်းကြိုဝယ် အရောင်းတာဝန်ခံတစ်ဦး ပြောသည်။ ပို့ကုန်များက ဆက်လက်ကျဆ င်းနေဦးမည့် သဘောလည်းရှိကြော င်း သူကပြောသည်။ စားအုန်းဆီတင်ပို့မှုမှာ ဩဂုတ်ကာလတူနှင့်နှိုင်းယှဉ် ပါက ၁၁ရာခိုင်နှုန်းမှ၁၂ရာခိုင်နှုန်းအထိ ကျဆင်း ခဲ့ကြောင်း ကုန်စည်စစ်တမ်းကောက်ယူရေးအဖွဲ့က ထုတ်ပြန်သည့် စာရင်းများအရ တွေ့ရသည်။ သို့သော် ပို့ကုန်ကျဆင်းမှုမှာ မျှော်လင့်ထားသလောက် ဆိုးရွားမှု မရှိကြောင်းသိရသည်။ ချီကာဂိုကုန်သွယ်ရေးဘုတ်အဖွဲ့တွင် ပဲပုပ်ဆီဈေး ကျဆင်း မှုကလည်း ကုန်သည်များ ဈေးရနေချိန်တွင် စားအုန်းဆီများ ထုတ်ရောင်းလော အာင် အထောက်အကူဖြစ်စေသော အကြောင်းတရားတစ်ခုဖြစ်ကြောင်း အခြားကုန်သည်တစ်ဦး က ပြောသည်။ အခြားစားသုံးဆီ တစ်မျိုးဖြစ်သောပဲပုပ်ဆီဈေးက ချီကာဂိုကုန်သွယ်ရေး ဘုတ်အဖွဲ့တွင် သုညဒသမ၉ ရာခိုင်နှုန်း ကျဆင်းပြီး ဒါလီယံကုန်စည်ဒိုင်တွင် ဇန်နဝါရီ အတွက် ပဲပုပ် ဆီဈေးသည် သုည ဒသမ ၃ ရာခိုင်နှု န်းကျဆင်းခဲ့သည်။
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
