ပြည်ဘိုကိတ်ပဲသီးနှံဈေး နှစ်အလိုက် ကွာခြားမှုမရှိ
 
                                                    
                ့ပြည်ခရိုင်အတွင်း ဘိုကိတ်ပဲသီးနှံကို ဆောင်းပဲသီးနှံအဖြစ် စိုက်ပျိုးပြီး စိုက်ဧက ငါးထောင်ကျော်သာ စိုက်ပျိုးခဲ့သည့်အတွက် ပဲထွက်ပေါ်ချိန်တွင် ပဲဈေးကွက်အတွင်း အေ ရာင်းအဝယ်အဖြစ်များကာ ယခုလို ကာလများမှာတော့ လက်ကျန်ပဲအနည်းငယ်သာရှိတဲ့အတွက် အရောင်း အဝယ်ပါးကာ လက်လီဝယ်ယူသူ အနည်းငယ်ကို သာ ရောင်းချခဲ့ရ ပါတယ်။ ပဲဈေးမှာ တစ်တင်း ၂၅၀ဝဝ ကျပ်ဖြင့် ယခင်တစ်ပတ် ဈေးအတိုင်း ဈေးဆက်ငြိမ်လျက်ရှိကာ လဆန်းရက်က ဈေးနှုန်း ထက် ဈေးပိုနေခဲ့ တာကို တွေ့ရပါတယ်။ ဘိုကိတ်ပဲ သီးနှံဈေး အနေဖြင့် ယခင်နှစ် ရော ယခုနှစ်မှာပါ ဈေးအတက်အကျ သိပ်မဖြစ်ခဲ့ဘဲ ယခင်နှစ်စက်တင်ဘာလအတွင်းမှာ လည်း တစ်တင်း ကျပ် ၂၄၀ဝဝ မှ ကျပ် ၂၆၅၀ဝ အတွင်း အရောင်း အဝယ် ဖြစ်ခဲ့ကြောင်း လေ့လာသိရှိရပါတယ်။
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
