ကမ္ဘာ့ရွှေဈေး မြင့်တက်လာမှုကြောင့် ပြည်တွင်း ရွှေဈေးများ ကျပ်ရှစ်သိန်းရှစ်သောင်းကျော်သို့ ရောက်ရှိ
 
                                                    
                ယခုတစ်ပတ်တွင် ကမ္ဘာ့ရွှေဈေးများ ဆက်လက်မြင့်တက်လာမှုကြောင့် ပြည် တွင်းရွှေဈေးများလည်း ဆက်လက်မြင့်တက်ခဲ့ကာကျပ်ရှစ်သိန်းရှစ်သောင်းကျော် သေို့ ရာက်ရှိခဲ့ကြောင်း ပြည်တွင်းရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက အတက်အကျ အနည်းငယ်သာရှိခဲ့သော်လည်း ယခုတစ် ပတ်တွင်မူဈေးမြင့် တက်လာခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ ကမ္ဘာ့ရွှေဈေးမြင့်တက်လာမှုနှင့်အတူ ငွေလဲနှုန်းများလည်း မြင့်တက်လာမှု ကြောင့် ပြည်တွင်းရွှေဈေးနှုန်း များ မြင့်တက်လာရခြင်းဖြစ်သည်ဟု ရွှေဈေးကွက် အတွင်းမှ သိရ သည်။ "ဒီတစ်ပတ်မှာ ကမ္ဘာ့ရွှေဈေးက မှန်းထားတဲ့အတိုင်း တက်လာတယ်။ ငွေလဲ နှုန်းကလည်း တက်လာတယ်။ ငွေလဲနှုန်းကလည်း ကျပ် ၁၂၆၀ အထိ တက်လာတယ်။ ငွေ လဲနှုန်း ပြန်ကျသွားပေမယ့် ကမ္ဘာ့ရွှေဈေးကတက်လာတော့ ပြည်တွင်း ရွှေဈေးက ကျပ် ရှစ်သိန်းရှစ်သောင်းကျော်အထိ မြင့်တက်လာခဲ့တယ်။ ကမ္ဘာမှာ လည်း ရွှေဝယ်လို အားေ တွမြင့်တက်နေတယ်။ ဒါကြောင့် ဈေးတွေမြင့်တက်နေရ တာပါ"ဟု ရွှေ ကုန်သည် ဦးစံမြင့်ကဆိုသည်။ ပြည်တွင်းရွှေဈေးသည် စက်တင်ဘာ ၁၉ ရက်က ကျပ် ၈၆၈၅၀ဝ ရှိခဲ့ပြီး စက်တင်ဘာ ၂၁ ရက်တွင် ကျပ် ၈၇၅၀ဝဝ သို့ မြင့်တက်ခဲ့ သည်။ စက်တင်ဘာ ၂၃ ရက်တွင် ကျပ် ၈၇၉၀ဝဝ သို့ဆက်လက်မြင့်တက်ခဲ့ပြီး စက်တင်ဘာ ၂၄ ရက်တွင် ကျပ် ၈၈၂၅၀ဝ သို့ ဆက်လက်မြင့်တက်ခဲ့သည်။ ကမ္ဘော့ ရွှဈေးသည် စက်တင်ဘာ ၁၉ ရက်က ၁၃၁၄ ဒေါ် လာ ရှိခဲ့ရာ စက်တင်ဘာ ၂၄ ရက်တွင် ၁၃၃၈ ဒေါ်လာသို့ မြင့်တက်ခဲ့သည်။
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
