တရုတ်နဲ့ ထိုင်းနိုင်ငံသို့ သီဟိုဠ်စေ့ တန် ၄၀ ကျော် ပိုမိုတင်ပို့
 
                                                    
                စက်တင်ဘာ ဒုတိယပတ်အတွင်း တရုတ်နဲ့ ထိုင်းနိုင်ငံသို့ အမေရိကန် ဒေါ်လာ သုည ဒသမ ၃၄၁ သန်း တန်ဖိုး ရှိ သီဟိုဠ်စေ့ တန် ၅၀ ကျော်ကို မူဆယ် ကုန်သွ ယ်ရေးဇုန် နဲ့ မြဝတီကုန်သွယ်ရေး ဇုန်များမှတစ်ဆင့် တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ၁၀ တန်ကျော်သာ တင်ပို့ခဲ့တာမို့ ယခုတစ်ပတ်မှာ တန် ၄၀ ကျော် ပိုမို တင်ပို့ခဲ့တာတွေ့ရပါတယ်။ မူဆယ်ကုန်သွယ်ရေးဇုန်မှအမေ ရိကန်ဒေါ်လာ သုည ဒသမ ၂၉၂ သန်း တန်ဖိုးရှိ သီဟိုဠ်စေ့ ၄၈ တန်နဲ့ မြဝတီ ကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ သုည ဒသမ ဝ၄၉ သန်းတန်ဖိုး ရှိ သီဟိုဠ်စေ့ ခြောက်တန်ကျော် အသီး သီးတင်ပို့ခဲ့ တယ်လို့ ကုန်သွယ်ရေးဇုန် များမှ သတင်းရရှိပါတယ်။
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
