ကမ္ဘာ့ရွှေဈေး ကျဆင်းလာသော်လည်း ပြည်တွင်းငွေလဲနှုန်းများ မြင့်တက်နေမှုကြောင့် ပြည်တွင်းရွှေဈေး အနည်းငယ်သာကျဆင်း
 
                                                    
                
	ယခုတစ်ပတ်အတွင်းကမ္ဘာ့ရွှေဈေးကျဆင်းလာသော်လည်း ပြည်တွင်းငွေလဲ နှုန်းများဆက်တိုက်မြင့်တက်နေမှုကြောင့် ပြည် တွင်းရွှေဈေးများ အနည်းငယ်သာ ကျဆင်းခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
	ကမ္ဘာ့ဈေးကွက်တွင် ဝယ်လိုအားကျဆင်းသွားသည့်အတွက် ဈေးများကျဆင်း လာခဲ့သော်လည်း ပြည်တွင်းဈေးကွက်တွင်မူ အကျနှေးနေခဲ့ကြောင်း၊  ကမ္ဘာ့ရွှေ ဈေးကျဆင်းလာမှုကြောင့် အမေရိကန်ဒေါ်လာဈေး ထပ်မံမြင့်တက်လာနိုင်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းရွှေဈေးနှုန်းများမှာ အနည်းငယ်သာ ကျရိပ်ရှိနိုင်ကြောင်း ရွှေဈေးကွက်ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ခဲ့သည်။
	]]ပြည်တွင်းရွှေဈေးကွက်မှာ ဈေးကသိပ်ကျဖို့တော့မရှိပါဘူး။အမေရိကန် ဒေါ်လာဈေးကဆက်တိုက်မြင့်တက်နေတာကြောင့် ပြည်တွင်းရွှေဈေးနှုန်းတွေလည်းသိပ်ပြီးကျဆင်းသွားလိမ့်မယ်လို့မထင်ပါဘူး။ဒီတစ်ပတ်မှာလည်း ဈေးကနည်းနည်းပဲကျလာတာ။ ဈေးကျလာမယ်ဆိုလို့ ပြန်ရောင်းကြတဲ့သူတွေ များလာ ပေမယ့် ဈေးပြန်တက်မယ်လို့ထင်တဲ့သူတွေက ကိုင်ထားကြတုန်းပဲ}}ဟု ရွှေကုန် သည်တစ်ဦးက သုံးသပ်ခဲ့သည်။ပြည်တွင်းရွှေဈေးများသည် စက်တင်ဘာ ၁၂ ရက်က ကျပ် ၈၆၆၀ဝ၀ရှိခဲ့ပြီး စက်တင်ဘာ ၁၄ ရက်တွင် ကျပ် ၈၆၅၀ဝ၀ သို့ အနည်းငယ်ကျဆင်းခဲ့သည်။ သို့သော် ပြည်တွင်းငွေလဲနှုန်းများ မြင့်တက်လာမှုကြောင့် စက်တင်ဘာ ၁၆ ရက် တွင် ကျပ် ၈၆၈၀ဝ၀ သို့ ပြန်လည်မြင့်တက်ခဲ့သည်။ ကမ္ဘာ့ရွှေဈေးမှာ စက်တင်ဘာ ၁၂ ရက်က ၁၃၂၆ ဒေါ်လာရှိခဲ့ရာမှ စက်တင်ဘာ ၁၆ ရက်တွင် ၁၃၁၅ ဒေါ်လာ သို့ ကျဆင်းခဲ့သည်။                                 
	 
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
