၀ဥခြောက် တန် ၄၀ ကျော် တင်ပို့
 
                                                    
                
	မြန်မာနိုင်ငံမှ ထွက်ရှိတဲ့ ဝဥများ ကို ၁၉၇၂ ခုနှစ်ကတည်းက ပြည်ပနိုင်ငံ များမှ စတင်စိတ်ဝင်စားလာကြောင်း၊ မြန်မာနိုင်ငံမှ ဝဥသည် အင်ဒိုနီးရှား နိုင်ငံမှ ထွက်ရှိတဲ့ ဝဥထက် အရည်အသွေး ပိုကောင်းလို့ ဂျပန်နိုင်ငံမှ ယနေ့တိုင်ရ သလောက် ဝယ်ယူကြောင်း သိရပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ကနေ သြဂုတ် ၂၇ ရက်မှ စက်တင်ဘာ ၂ ရက်အတွင်း အမေရိကန် ဒေါ်လာ သုည ဒသမ ဝ၈၀ သန်းတန်ဖိုးရှိ ဝဥခြောက် ၄၃ တန် ကျော် တင်ပို့ခဲ့ပါတယ်။ သြဂုတ်လတစ်လ လုံး မူဆယ်မှ တရုတ်နိုင်ငံသို့ ဝဥ ခြောက်တန်ချိန် ၁၁၀ တင်ပို့နိုင်ခဲ့ကြောင်း၊ ဝဥခြောက် တစ်တန်ကို မိမိဘက် ပေါက် ဈေးကျပ်သိန်း ၂၀ ခန့်ရှိကြောင်း သိရ ပါတယ်။        မော်မော်အောင်
	 
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
