တာချီလိတ်မှ လက်ဖက်ခြောက် ပိုမိုတင်ပို့
 
                                                    
                
	မန်မာ-ထိုင်း နယ်စပ်ရှိ တာချီ လိတ် ကုန်သွယ်ရေးစခန်းမှ သြဂုတ် ၂၇ရက်မှ စက်တင်ဘာ ၂ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၄၄၁၉၀ တန်ဖိုးရှိ လက်ဖက် ခြောက် ၁၁၃ တန်ကျော် တင်ပို့နိုင်ခဲ့ ပါတယ်။ ယခင်တစ်ပတ်က ၄၆တန် နီးပါး တင်ပို့ခဲ့လို့ ယခုတစ်ပတ် တာချီ လိတ်မှ လက်ဖက်ခြောက် ပိုမို တင်ပို့ လာတာ တွေ့ရ ပါတယ်။
	လက်ဖက်ခြောက်များ ဝယ်ယူနိုင် ရန် ဂျာမနီနိုင်ငံမှ အရည်အသွေး စစ် ဆေးရေး ပညာရှင်တွေ မြန်မာနိုင်ငံကို လာရောက်ကာ နိုင်ငံအတွင်းမှ ထွက်ရှိ တဲ့ လက်ဖက်ခြောက်များအား အရည် အသွေး စမ်းသပ်စစ်ဆေးခဲ့ပြီး၊ ရှမ်းပြည် နယ်ရှိ စံပြ လက်ဖက်ခြောက် စက်ရုံတွင် အခြောက်ခံ၍ ထွက်ရှိလာတဲ့ လက်ဖက် ခြောက်တွေကို စံချိန်၊ စံညွှန်း ပြည့်မီ သည်ဟုဆိုကာ ဝယ်ယူရန် သဘောတူညီ ချက်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ သစ်သီး ဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်း မှ သိရပါတယ်။        
	 မော်မော်အောင်
	 
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
