မြေသြဇာ ဆက်လက်ဝင်အားကောင်း
 
                                                    
                
	ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ သြဂုတ်၂၁ ရက်မှ ၂၇ ရက် သီတင်း ပတ်အတွင်း ကန်ဒေါ်လာ ၃၃၇၁၂၄၀ တန်ဖိုးရှိ မြေသြဇာ ၁၄၉၃၆ ဒသမ ၈၃၃ တန်ကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ပိုတက်ဆီယမ်၊  နိုက်တြိုဂျင်၊  ယူရီးယား၊ ကွန်ပေါင်း စတဲ့ မြေဆီများတင်သွင်း ခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ နိုင်ငံနဲ့ တန်ချိန် များမှာ တရုတ်နိုင်ငံမှ ၉၄၃၁ဒသမ၃၃၃တန်၊ ဂျာမနီမှ တန်ချိန် ၁၀ဝ၀၊ အိန္ဒိယမှ ၁၆ တန်၊ မလေးရှားမှ တန်ချိန်  ၇၇၀၊ ဘီလာရုစ် မှ ၅၂၂ ဒသမ ၅၀ တန်၊ စင်ကာပူမှ ၁၄၇ တန်၊ ထိုင်းမှ ၁၆၂၀ တန်နဲ့ ဗီယက်နမ်မှ ၁၄၃၀ တန် တင်သွင်းခဲ့တယ်လို့ သိရ ပါတယ်။ ယခင်သီတင်းပတ် မြေသြဇာတင်သွင်းမှုမှာ ၁၄၇၉၀ တန်ချိန်ကျော်ရှိခဲ့ တာကြောင့် ဒီတစ်ပတ်တင်သွင်းမှုနဲ့ ယှဉ်ရင် တန်ချိန် ၁၃၀ ကျော် ပိုမိုတင်သွင်းခဲ့ တယ်လို့ သိရပါ တယ်။ သြဂုတ်လ ပထမသီတင်းပတ်မှစပြီး မြေသြဇာတင်သွင်းမှုအား ဆက်တိုက်ဆိုသလို ကောင်းလာတာတွေ့ရပါတယ်။
	
	 
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
