၀ဥခြောက် တန် ၃၀ ကျော်တင်ပို့
 
                                                    
                
	သြဂုတ် ၂၀ မှ ၂၆ ရက်တာ ကာလအတွင်း အမေရိကန်ဒေါ်လာ သုညဒသမ ဝ၆၀ သန်း တန်ဖိုးရှိတဲ့ ဝဥခြောက် ၃၂ တန်ကျော်ကို တင်ပို့ခဲ့ပါတယ်။ ယခင်တစ် ပတ်က ၃၇ တန် ကျော် တင်ပို့နိုင်ခဲ့လို့ ယခုတစ်ပတ်မှာ ငါးတန်လျော့နည်းတင်ပို့ခဲ့တာ တွေ့ရပါတယ်။
	ဝဥပင်ဟာ မြန်မာနိုင်ငံတောင်ပေါ်ဒေသများမှာ အလေ့ကျပေါက်တဲ့အပင် ဖြစ်ပြီး ဇွန်၊ ဇူလိုင်များမှ စတင်ပေါ်ကာ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ ရာသီကုန်ပါ တယ်။ ပြည်တွင်း  မှာတော့ ဝဥကို တိုင်းရင်းဆေးဖော်စပ်ရာနဲ့ မာလာဟင်းချက်ရာမှာ သုံးကြသလို တရုတ်နိုင်ငံ မှာတော့ တရုတ်ရိုးရာ တိုင်းရင်းဆေးဖော်စပ်ဖို့ ကုန်ကြမ်း အနေနဲ့ရော၊ စားသောက်ကုန် လုပ်ငန်းတွေမှာပါ အသုံးပြုကြတယ်လို့ သိရပါတယ်။မော်မော်အောင်
	 
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
