ပြည်တွင်းမှထွက်ရှိသည့် ကြက်သွန်နီများကို ကုန်သွယ်ရေးစခန်းများမှ ပြည်ပသို့ တင်ပို့ရန် သက်ဆိုင်ရာ ကုန်သွယ်ရေးစခန်းများ၌ပင် လိုင်စင်လျှောက်ထားနိုင်
 
                                                    
                
	ပည်တွင်းမှထွက်ရှိသည့် ကြက်သွန်နီများကို ကုန်သွယ် ရေးစခန်းများမှ ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရန်အတွက် ပို့ကုန်လိုင်စင်များကို သက်ဆိုင်ရာ ကုန်သွယ်ရေးစခန်းများ ၌ပင် လိုင်စင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ကော့သောင်း ကုန် သွယ်ရေးစခန်းတွင် သြဂုတ်လ ၃၁ ရက်နေ့က ကျင်းပခဲ့ သည့် ကုန်သွယ်မြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးမှ သိရသည်။
	အဆိုပါ ပြည်တွင်းမှထွက်ရှိသည့် ကြက်သွန်နီများကို ပြည်ပသို့ တင်ပို့ရန် ပို့ကုန် လိုင်စင်လျှောက်ထားရာတွင် လိုင်စင် တစ်စောင်လျှင် တန် ၁၀ဝ ထက်မပိုဘဲ သက်ဆိုင်ရာ ကုန် သွယ်ရေးစခန်းများတွင် တိုက်ရိုက်လက်ခံစိစစ်ပြီး ခွင့်ပြုပေး သွားရန် ညွှန်ကြားထားကြောင်း သိရသည်။
	သွင်းကုန်ပစ္စည်းများအနေနဲ့ ယခင်က စားသုံးဆီကို နေပြည်တော်နှင့် ရန်ကုန်တို့တွင်သာ သွင်းကုန်လိုင်စင် ခွင့်ပြု ထုတ်ပေးရာမှ ယခုအခါ မူဆယ်၊ မြဝတီ၊ တာချီလိတ်၊ ကော့ သောင်း၊ မြိတ်တို့တွင်ပါ သွင်းကုန်လိုင်စင် လျှောက်ထားခွင့် ပြုထားကြောင်းတို့ကိုလည်း ကုန်သည်လုပ်ငန်းရှင်များ သိရှိ အောင် စခန်းတာဝန်ခံက ဖြည့်စွက် ဆွေးနွေး ပြောကြားသွား တယ်လို့ သတင်းရရှိပါတယ်။                  ခင်မိုးသူ
	 
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
