ကသာခရိုင်အတွင်း မျှစ်ပွဲရုံများ လုပ်ငန်းစတင်ချိန် မျှစ်ချိုးရောင်းသူများ မိသားစုဝင်ငွေရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်အတွင်း မြို့နယ်များမှာ ဇွန်မှစတင်ပြီး ဝါးမျှစ်များ ဈေးကွက်ထဲမှာ အရောင်းအဝယ်ရှိနေတာတွေ့ရပါတယ်။ ရာသီစာမျှစ်ပေါ်စ နယ်အဝယ်ဒိုင်များ အပြိုင်အဆိုင်ဝယ်ယူမှုရှိနေလို့ ဒေသခံ မျှစ်ချိုးရောင်းသူများ မိသားစုဝင်ငွေရနေတာ တွေ့ရပါတယ်။သစ်တော ဖုံးလွှမ်းမှု ၈၀ ရာခိုင်နှုန်းကျော် တည်ရှိတဲ့ ကသာခရိုင်မှာ သဘာဝကပေးတဲ့ သစ်တောထွက်ရာသီစာ ခူးဆွတ်ရောင်းချပြီး ဒေသခံတောင်သူများ တစ်ဖက်တစ်လမ်း က မိသားစုဝင်ငွေရကြပါ
တယ်။ မိုးဦးကာလ ဝါးမျှစ်များပေါ်ပြီဖြစ်လို့ နယ်စုံကလာတဲ့မျှစ်များကို ဝယ်ယူလျက် ရှိပါတယ်။ ပြုတ်ထားတဲ့ မျှစ်တွေကို တစ်ပိဿာ ၅၀ဝ ကျပ်နဲ့ဝယ်ပါတယ်။ တစ်ရက်ပျမ်းမျှ ပိဿာတစ်ထောင်ကျော် အရောင်းအဝယ် ဖြစ်ပါတယ်။ မန္တလေး၊ ရွှေဘို၊ မုံရွာ မျှစ်ပွဲရုံ များကို တင်ပို့ခဲ့ပါ တယ်။ ယခင်နှစ်မျှစ်ရာသီအကုန်မှာ ပိဿာချိန်လေးသောင်းကျော် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ သက်ဆိုင်ရာဌာနမှ ခွင့်ပြုချက်ရရှိပြီး မျှစ်ပွဲရုံလု ပ်ငန်းတည်ထောင် လုပ်ကိုင်နေပါတယ် "လို့ ပွဲရုံပိုင်ရှင် ဦးခင်သက်က ဆိုပါတယ်။မျှစ်ကို မြန်မာ့ဟင်းလျာအဖြစ် မျှစ်စို၊ မျှစ်ချဉ်၊မျှစ်ခြောက်ပြုလုပ်ကာ စားသုံးကြပါတယ်။ လှောင်ကုန်အတွက် မျှစ်ချဉ်၊ မျှစ်ခြောက်ပြုလုပ်ပြီး နှစ်ပေါက်လှောင်ကြပါတယ်။ မျှစ်ရာသီလေးလအတွင်း နှစ်ပေါက်စာလှောင်နိုင်ဖို့ နယ် အဝယ်
ဒိုင်တွေက အပြိုင်အဆိုင် ဝယ်ယူနေကြလို့ မျှစ်ချိုး ရောင်းသူများအနေနဲ့ ဝင်ငွေရနေကြတယ်လို့ မျှစ်ဈေးကွက်မှ သိရပါတယ်။

Agency Ministry of Foreign Affairs
Category General