မူဆယ်နဲ့ တာချီလိတ်စခန်းများမှကြက်သွန်နီ၊ ကြက်သွန်ဖြူ တင်ပို့

ဲမြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ဇွန် ၄ ရက်မှ ၁၀ ရက်အတွင်း ကန်ဒေါ်လာ ၄၅၆၇၆၀ တန်ဖိုးရှိ ကြက်သွန်နီ ၁၅၂၀ တန်နဲ့ မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၃၇၀၈၉၁ တန်ဖိုးရှိ ကြက်သွန်ဖြူ ၂၅၈တန် တင်ပို့ခဲ့ပါ တယ်။ ယခင်တစ်ပတ်မှ မူဆယ်၊ မြဝတီနဲ့ တာချီလိတ် စခန်းများမှ ကြက်သွန်နီ ၁၄၄၀ တန် ကျော်နဲ့ တာချီလိတ်မှ ကြက်သွန်ဖြူ ၂၅၈ တန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ မူဆယ်မှ ကြက်သွန်နီ တင်ပို့မှု မှာ ရုံးချုပ်အပြင် နယ်စပ်စခန်းများမှ
လည်း တိုက်ရိုက် လျှောက်ထားကြ ကြောင်း၊ တစ်နေ့ကို ပျမ်းမျှကားစီးရေ ၁၂ စီးခန့် ဝင်ရောက်မှုရှိကြောင်း မူဆယ်ကုန်စည်ဒိုင်မှ သိရပါတယ်။ နယ်ကြက်သွန်ဈေးများနဲ့ ရန်ကုန်ကြက်သွန်ဈေးနှုန်းများမှာ ယခင်ထက် တစ်ပိဿာလျှင် ၅၀ ကျပ်ခန့် အထိ မြင့်တက်
လာတယ်လို့ ဘုရင့်နောင် ကြက်သွန်ဈေးကွက်မှ သတင်းရရှိပါတယ်။

Agency Ministry of Foreign Affairs
Category General