ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ (၂/၂၀၂၆)ကြိမ် မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန် စေရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံတက်ရောက် အမှာစကားပြောကြား

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်၊ ၁၂:၀၀ နာရီချိန်တွင် နေပြည်တော်၊ ရုံးအမှတ်၃ အစည်းအဝေး ခန်းမ- ၁ ၌ ကျင်းပပြုလုပ်ခဲ့သည့် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ (၂/ ၂၀၂၆) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ကုန်သွယ်မှုနှင့် ကုန်စည်စီး ဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက် အမှာစကားပြောကြားခဲ့သည်။ 

ဗဟိုကော်မတီဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန် မြန်ဆန်ရေးသည် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံတကာဆက်ဆံရေးကဏ္ဍတို့ တိုးတက်ကောင်း မွန်စေရေးအတွက် အခြေခံကျသော အခန်းကဏ္ဍမှ ပါဝင်နေပါကြောင်း၊ ကော်မတီအနေနဲ့ ပြည်တွင်း ပြည်ပ ကုန်သွယ်မှုလုပ်ငန်းများတွင် နှောင့်နှေးကြန့်ကြာမှုမရှိစေရေးနှင့် ကုန်စည်စီးဆင်းမှုမှန်ကန် မြန် ဆန်စေရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း၊ ပို့ကုန်များ ၂ ဆတိုး မြှင့်တင်ပို့နိုင်ရေး အထူးအလေးထားကြိုးပမ်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ ယခုဘဏ္ဍာနှစ်တွင် ပို့ကုန်လျာထားချက်ထက်ကျော်လွန်အောင် ဆောင်ရွက်နိုင်ရေး၊ စက်သုံးဆီ၊ စားသုံးဆီများ အဆင်ပြေ ချောမွေ့စွာဖြန့်ဖြူးရေး၊ CMP လုပ်ငန်းများတိုးမြှင့်‌ရေးနှင့် ကုန်စည်စီးဆင်းမှုများမှန်ကန်ပြီး ကြန့်ကြာမှု မရှိရေးတို့အား ဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဗဟိုကော်မတီ အဖွဲ့ဝင်များနှင့် အထူး ဖိတ်ကြားထားသူများက ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးထွန်းအုံက ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

အစည်းအဝေးသို့ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော် မတီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် အထူးဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သတင်းရရှိ သည်။

  • Agency Ministry of Commerce
  • Category General