ရန်ကုန်မြို့၊ သီလဝါအထူးစီးပွားရေးဇုန်၌ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီဝင်များ၊ ရင်းနှီမြှုပ်နှံမှု ကုမ္ပဏီများနှင့် တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြား

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် ရန်ကုန်မြို့ရှိ၊ သီလဝါ အထူးစီးပွားရေးဇုန်၌ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီဝင်များ၊ ရင်းနှီမြှုပ်နှံမှု ဆောင်ရွက်နေကြသည့် ကုမ္ပဏီများနှင့် တွေ့ဆုံကာရင်းနှီးမြှုပ်နှံမှုများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွား နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူချောမွေ့စေရေးအတွက် နိုင်ငံတော်အစိုးရပိုင်းမှ ဆက်လက်ဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့် သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၊ အထူးစီးပွားရေးဇုန်များ ဗဟိုလုပ်ငန်းအဖွဲ့နှင့် ရင်းနှီးမြှုပ်နှံသူများ ဆက်လက်ပူးပေါင်း ဆောင်ရွက်ရွက်ရေးအတွက် လိုအပ်သည့်အစီအစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ ပါသည်။

   ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သီလဝါအထူးစီးပွားရေးဇုန်အတွင်း မော်တော်ယာဉ်ဖြင့်လိုက်လံကြည့်ရှုခဲ့ပြီး Wilmar Myanmar Limited မှ ပြည်ပသို့အဆင့်မြင့်ဆန်များ တင်ပို့နိုင်ရေးအတွက် ခေတ်မီဆန်စက်ဖြင့် ကြိတ်ခွဲထုတ်လုပ်လျက်ရှိသည့် အခြေအနေများကိုလည်းကောင်း၊ စာသုံးဆီအဆင့်မြင့်ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည့် အခြေအနေများကို လည်းကောင်း၊ ဖွဲနုဆီထုတ်လုပ်သည့် စက်ရုံတည်ဆောက်လျက်ရှိသည့် အခြေအနေများကိုလည်းကောင်း၊ လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။

Agency Department of Trade
Category General