မြန်မာနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ ဆန်တန်ချိန် (၁,၀၀၀) လွှဲပြောင်းလှူဒါန်းပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြား

     ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့၊ (၁၀:၀၀) နာရီ အချိန်တွင်၊ ရန်ကုန်မြို့ရှိ၊ Asia World Port Terminal ၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ ဆန်တန်ချိန် (၁,၀၀၀) လွှဲပြောင်းလှူဒါန်းပွဲ အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြားခဲ့သည်။

   ယနေ့အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအစိုးရမှ သီရိလင်္ကာနိုင်ငံသို့ ဆန်တန်ချိန် (၁,၀၀၀) လှူဒါန်းခြင်းနှင့် ပတ်သက်၍  မြန်မာနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့သည် ယဉ်ကျေးမှု၊ ကိုးကွယ်သည့်ဘာသာနှင့် ဓလေ့ထုံးတမ်းများ ဆင်တူကြကြောင်း ၊ ယခုလှူဒါန်းမှုသည် သီရိလင်္ကာပြည်သူများအပေါ် မြန်မာအစိုးရနှင့် ပြည်သူများ၏ စာနာမှုကို ပြသခြင်း ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

 ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆန်လှူဒါန်းခြင်းနှင့် ပတ်သက်သည့် စာရွက်စာတမ်းများလွှဲပြောင်းပေးခဲ့ပြီး သီရိလင်္ကာသံအမတ်ကြီးက ဆန်များတင်ပို့နိုင်ရေး စီစဉ်ဆာင်ရွက်ပေးခဲ့သော မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင် ထံသို့ ကျေးဇူးတင်လွှာပြန်လည်ပေးအပ်ပါသည်။ 

  ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာသီရိလင်္ကာသံအမတ်ကြီးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရနှင့် တာဝန်ရှိသူများကို အထူး‌ကျေးဇူးတင်ရှိပါကြောင်း၊ သီရိလင်္ကာနိုင်ငံသည် စီးပွားရေး‌ အကြပ်အတည်းနှင့် ရင်ဆိုင်နေရသည့် လတ်တလော အခြေအနေတွင် ယခုလိုလှူဒါန်းခြင်းသည် များစွာ အထောက်အကူ ဖြစ်ကြောင်း လှူဒါန်းပေးရန် စီမံဆောင်ရွက်ပေးခဲ့သည့် မြန်မာနိုင်ငံအစိုးရ ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်းများစွာ ကျေးဇူးဥပကာရတင်ရှိပါကြောင်းကျေးဇူးတင်စကားပြောကြားခဲ့သည်။

Agency Department of Trade
Category General