ဒုတိယဝန်ကြီး ဦးအောင်ထူး ဦးဆောင်၍ DIGITAL TRADE AND E-COMMERCE ဖွံ့ဖြိုး တိုးတက်ရေးဆပ်ကော်မတီ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးမှ ဥက္ကဌအနေဖြင့် ဖွဲ့စည်းထားသည့် “Digital Trade and E-Commerce ဖွံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီ” အနေဖြင့် ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့၊ နံနက် (၁၀:၃၀)နာရီ အချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၊ ညီလာခံခန်းမ၊ နေပြည်တော် တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Digital Trade and E-Commerce ဖွံ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီဥက္ကဌ ဒုတိယဝန်ကြီး ဦးအောင်ထူး ဦးဆောင်မှုဖြင့် ဆပ်ကော်မတီဝင်များ ဖြစ်ကြသော ကုန်သွယ်ရေးဦးစီးဌာန၊ စာရင်းဌာန(မြန်မာနိုင်ငံတော်ဗဟိုဘဏ်)၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်အပါအဝင် e-Commerce Association အသင်း (၂) သင်းဖြစ်သော Myanmar Digital Economy Association ၊ E-Commerce Association of Myanmar Incorporated တို့မှ အဖွဲ့ဝင်များမှ အစည်းအဝေးတက်ရောက်ခဲ့ကြပြီး Digital Trade and E-Commerce ဖွံ့ဖြိုး တိုးတက်ရေးအတွက်ဆောင်ရွက်လျက်ရှိသည့် ဆောင်ရွက် ချက်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြပါသည်။

Agency Department of Trade
Category General