ကန်စွန်းဥ စိုက်ပျိုးထုတ်လုပ်မှုအား စက်မှုသီးနှံအနေဖြင့် စိုက်ပျိုးထုတ်လုပ်သွားမည်

  ပြည်တွင်းရှိ ကန်စွန်းဥစိုက်ပျိုး ထုတ်လုပ်မှုများ ကို သုတေသနပြုလုပ်၍ စက်မှုသီးနှံအနေဖြင့် စိုက် ပျိုးထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ထိုကဲ့ သို့ စက်မှုသီးနှံအနေဖြင့် စိုက် ပျိုးထုတ်လုပ်နိုင်ရန် အတွက် တောင် သူများ အား သင်တန်းများပေးအပ် သွားမည်ဖြစ်သလို စမ်းသပ်မှုများလည်း လုပ်ဆောင် နေပြီဖြစ်ကြောင်း သိရသည်။''အခုကတော့ မျိုးစေ့တွေကို သုတေသန လုပ် နေတယ်။ ဒါပြီးရင် တောင်သူတွေကို တန်ဖိုးမြှင့်စိုက် ပျိုးနိုင်ဖို့အတွက် သင်တန်းတွေပေးသွားပါမယ်။ ကန် စွန်းဥနဲ့ပတ်သက်ရင် တီထွင်ဖန်တီးပြီး စားသောက် လို့ရတာတွေအများကြီး ရှိတယ်။ အာဟာရလည်း ရှိ တယ်။ အရက်လည်း ချက်လို့ရတယ်။ ဒါပေမဲ့ မြန်မာ နိုင်ငံမှာက ကန်စွန်းဥကို ပြုတ်စားတယ်။ ဖုတ်စားတယ်။ ဒီလောက်ပဲ ကြော်စားတာတောင် သိပ်မရှိကြဘူး။ အဲဒါကြောင့် စားသုံးမှုမြှင့်တင်ရေးကိုလည်း အဓိက အနေနဲ့ လုပ်သွားဖို့ရှိပါတယ်'' ဟYou & I အထွေထွေ သမဝါယမအသင်းလီမိတက်မှ အထွေထွေ အတွင်း ရေးမှူး ဒေါ်သင်ဇာဝင်းပြည့်ကျော်က ပြောသည်။
   ယခင်က မြန်မာ့ကန်စွန်းဥကို ပြည်ပနိုင်ငံများ သို့ တင်ပို့နိုင်ခဲ့သလို ဈေးကွက်ဝယ်လိုအားလည်း ရှိနေ ပြီး အရည်အသွေးပြည့်မီမှု မရှိသည့်အတွက် ဆက်လက် တင်ပို့နိုင်ခြင်းမရှိကြောင်း၊ လက်ရှိတွင် ကန်စွန်းဥ စိုက်ပျိုးထုတ် လုပ် မှု ဖွံ့ဖြိုးရေးနှင့် စားသုံးမှုမြှင့်တင်ရေး လှုပ်ရှားမှုများကို လုပ်ဆောင်နေပြီး ပြည်တွင်း စိုက်ပျိုး မှု နှင့် ကိုက်ညီသည့်မျိုးစေ့များကို သုတေသန ပြုလုပ် ခြင်း၊ စမ်းသပ်ခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။
ထိုကဲ့သို့ ကန်စွန်းဥစိုက်ပျိုးထုတ်လုပ်မှုကို တန်ဖိုး မြင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်လျှင် ပြည်တွင်း ဈေးကွက် ကျယ်ပြန့်မှုကို ဆောင်ရွက်နိုင်မည့်အပြင် ကမ္ဘာ့ဈေးကွက်ကိုလည်း ပြန်လည် ထိုးဖောက်နိုင်မည် ဖြစ်ကြောင်း သိရသည်။
    မြန်မာနိုင်ငံအနေဖြင့် ကုန်ကြမ်းကိုသာ တင်ပို့ နိုင်ပြီး ကုန်ချောကို ပြန်လည် ဝယ်ယူစားသုံးနေရသည့် အတွက် ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုများတွင် တန် ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်၍ ကုန်ချောအဆင့် အထိ ပူးပေါင်းဆောင ရွက်ရန်လိုအပ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်  ဒေါက်တာ ဦးသန်းအောင်စိုးက ပြောသည်။               

    ချောစု

Agency
Category