ဓာတ်မြေသြဇာဈေးကွက် အရောင်းပုံမှန်ရှိ

ဇန်နဝါရီ ၁ ရက်မှ ၇ရက်အထိ  သီတင်းပတ်အတွင်း ပြည်တွင်းသို့ ရေလမ်းမှ မြေသြဇာတန်ချိန် ၃၆၅၀ကျော် အဝင်ရှိခဲ့ပြီး ယခင် သီတင်းပတ်က  တန်ချိန် ၅၀၂၀ ကျော်ဝင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၁၃၇၀ ကျော် တင်သွင်းမှုလျော့ကျ ခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်လမ်းမှ ယခု တစ်ပတ် မြေသြဇာအဝင်မှာ တန်ချိန် ၁၃၈၄၀ ကျော်ရှိခဲ့ပြီး   ယခင်တစ်ပတ်အဝင်မှာ တန်ချိန် ၁၄၀၂၀ ကျော်ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၁၇၀ ကျော် အဝင်လျော့ကျခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ရေကြောင်းရော နယ်စပ်လမ်းမှပါ မြေသြဇာ အဝင်လျော့ ခဲ့ပါတယ်။
မော်လမြိုင်ဈေးကွက်မှာ ဆောင်းသီးနှံအတွက် အရောင်းအဝယ်လည်း အေး သွားတာကြောင့် ဈေးကွက်ထဲ အရောင်းအေးသလို ဈေးလည်းငြိမ်နေတယ်လို့ သိရ ပါတယ်။  ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ ပုလဲ-အသေး ၄၆% (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်-တရုတ်) ကျပ် ၂၁၈၀ဝ၊ ကွန်ပေါင်း(အစိမ်း) ၁၅း၁၅း၁၅ (ထိုင်း) ကျပ်၃၅၂၀ဝ၊ ကွန်ပေါင်း (ပန်းရောင်) ကျပ်၃၀ဝ၀ဝ၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း) ကျပ် ၂၁၀ဝ၀၊  တီစူပါ  ၄၆% (သံကွင်း-တရုတ်) ကျပ်၂၀ဝ၀ဝနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ စုံစမ်း ရရှိခဲ့ပါတယ်။
ရန်ကုန်ဈေးကွက်မှာ မြေသြဇာက နယ်ဘက်အမှာရှိလို့ ရောင်းရသလို  စိုက် ခင်းသမားတွေ အဝယ်ရှိတာကြောင့် အရောင်းအဝယ် ပုံမှန်ရှိနေပါတယ်။ ဒါပေမယ့် ဈေးငြိမ်နေတယ်လို့  သိရပါတယ်။  ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေး မှာ ယူရီးယား (နေရွက်လှေ-တရုတ်)ကျပ် ၂၂၀ဝ၀ ၊ ယူရီးယား ( ရွှေတောင်-တရုတ်) ကျပ်၂၂၀ဝ၀၊ တီစူပါ (သံကွင်း-တရုတ်) ကျပ် ၁၉၈၀ဝ၊  ပိုတက်(အိန္ဒိယ) ကျပ် ၂၂၅၀ဝ၊ ကွန်ပေါင်း ၁၅း၁၅း၁၅ ကျပ် ၃၇၅၀ဝ ဈေးရှိတယ်လို့ မြေသြဇာ အရောင်း ဆိုင်မှ စုံစမ်းသိရှိရပါတယ်။
တောင်ကြီးဈေးကွက်မှာ  ဒီတစ်ပတ်  အရောင်းပုံမှန်ရှိပြီးဈေးငြိမ်နေတယ် လို့သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ(ကမ္ဘာလုံး-တရုတ်) ကျပ်၂၂၂၀ဝ ၊ ယူရီးယား(ရွှေတောင်-တရုတ်) ကျပ် ၂၂၂၀ဝ၊ ယူရီးယား (ပန်းဖူး-တရုတ်) ကျပ်၂၃၆၀ဝ၊ တီစူပါ၂၀% (တရုတ်) ကျပ် ၁၃၀ဝ၀ ၊ ပိုးသတ်ဆေး ကျပ် ၁၉၀ဝ၊ တီစူပါ ၁၅ ပတ်လည် (တရုတ်) ကျပ် ၃၆၅၀ဝ၊    တီစူပါ    ၁၀း၁၀း၅ (တရုတ်) ကျပ် ၁၆၀ဝ၀၊   ဓာတ်ဆား (တရုတ်) ကျပ် ၁၄၀ဝ၀၊   ပိုတက် (တရုတ်) ကျပ်  ၂၃၅၀ဝ၊  ယူရီးယား (ယူအေအီး) ကျပ် ၁၉၅၀ဝ၊ မြားကမ္ဘာ ကျပ် ၁၆၀ဝ၀ ဈေးနဲ့  အရောင်းအဝယ် ဖြစ်တယ်လို့ ဈေးကွက်အတွင်းမှ စုံစမ်း သိရပါတယ်။
မန္တလေးဈေးကွက်မှာ  ဒီတစ်ပတ် နယ်ဘက်အဝယ်ရှိသလို  ရာသီ သီးနှံ စိုက်ခင်းများအတွက်   အဝယ်ရှိတာ ကြောင့်   အရောင်းအဝယ်   ပုံမှန်ရှိပေ မယ့် ဈေးကငြိမ်နေတယ်လို့   သိရပါ တယ်။ ဈေးကွက်ထဲယူရီးယားနဲ့ ပန်းသီး စုံက အဝယ်လိုက်တယ်။  ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့    ဈေးမှာ ယူရီးယား  (ရွှေတောင်-တရုတ်) ကျပ် ၂၁၀ဝ၀၊ ယူရီးယား   (ပန်းဖူး-တရုတ်) ကျပ် ၂၈၀ဝ၀၊ တီစူပါ(ွွှှဏ ၄၆%- တရုတ်) ကျပ် ၁၈၁၀ဝ၊  မြှားသီးစုံ ကျပ် ၁၄၂၀ဝ၊ ပန်းသီးစုံ ကျပ် ၁၄၅၀ဝ၊  ကွန် ပေါင်း   ၁၀း၁၀း၅ ကျပ်  ၁၄၂၀ဝ  နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့   သိရပါ တယ်။
 

Agency Ministry of Foreign Affairs
Category General