ဇန်နဝါရီဒုတိယပတ်အတွင်း မုံရွာကုန်စည်ဒိုင်သို့ ပဲအသစ်မျိုးစုံဝင်ရောက်

ဇန်နဝါရီဒုတိယပတ် မုံရွာကုန်စည်ဒိုင်သို့ ပဲမျိုးစုံအသစ် များအဖြစ် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပဲလွန်းပြာ၊ ပဲလွန်းဖြူ၊ ပဲယင်းစသည့် ပဲသစ်များဝင်ရောက်လျက်ရှိရာ ပြည်ပဝယ် လက်ပဲများဖြစ်သော မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံသီးနှံများတွင် ပဲတီစိမ်းသီးနှံမှာ ဝင်ရောက်မှုအများဆုံးဖြစ်ပြီး  အရောင်း အဝယ်အသွက်ဆုံးသီးနှံဖြစ်ကြောင်း သိရပါတယ်။
ယခုတစ်ပတ်ပဲတီစိမ်း(ကြီး) တစ်တင်းပေါက်ဈေးမှာ ကျပ် ၂၇၀ဝ၀၊ (သေး) ၂၅၂၀ဝ ကျပ်ဖြစ်ပြီး၊ တစ်ရက်(ကြီး) အိတ်၇၀ဝ ခန့် (သေး) ၅၀ဝခန့် အရောင်းအဝယ်သွက်နေ ကြောင်းသိရပါတယ်။ မတ်ပဲ၊ ပဲစင်းငုံသီးနှံမှာလည်း အနည်း ငယ် ဝင်ရောက်မှုရှိလာပြီး ရန်ကုန်ဝယ်လက်အဆွဲရှိနေလို့ နေ့စဉ် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါတယ်။ မတ်ပဲ သီးနှံ(အထွက်တိုး) တစ်တင်း ၃၁၅၀ဝ ကျပ်၊ (ကုန်း)၃၃၄၀ဝ ကျပ်နဲ့ တစ်ရက်အိတ် ၇၀ဝ ခန့်နှင့် ပဲစင်းငုံသစ်  တစ်တင်း ၂၅၂၀ဝကျပ်၊ အဟောင်းကျပ် ၂၄၀ဝ၀နှုန်းပေါက်ပြီး အသစ် ရော အဟောင်းပါ တစ်ရက်အိတ် ၃၅၀ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်းသိရပါတယ်။ ဒေသတွင်းသုံး ပဲများဖြစ် သော ပဲလွန်းဖြူတစ်တင်းပေါက်ဈေးမှာ  ၂၇၅၀ဝ ကျပ်နဲ့ အိတ် ၁၀ဝ ခန့်၊ ပဲလွန်းပြာ ၂၄၅၀ဝကျပ်နှုန်းပေါက်ပြီး အိတ် ၁၅၀ခန့်၊ ပဲယင်းတစ်တင်းပေါက်ဈေးမှာ ကျပ် ၁၆၀ဝ၀ နှင့် အိတ် ၃၀ဝခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါ တယ်။ ကုလားပဲမျိုးစုံသီးနှံ တစ်တင်းပေါက်ဈေးမှာ ကုလားပဲ ဖြူလုံးကြီး ဠ၂ ကျပ် ၄၇၀ဝ၀၊ ၉၂၉ ကျပ် ၄၆၀ဝ၀၊ ထိုင်ဝမ် ကျပ် ၄၆၀ဝ၀ အသီး သီးပေါက်ပြီး ပဲကြီးတစ်တင်းပေါက်ဈေးမှာ ၂၈၅၀ဝကျပ်ဖြစ်ကာ ဒေသတွင်း ဝယ်လက်အဆွဲရှိလို့ တစ်ရက် အိတ် ၂၀ဝခန့် အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။  စွန်တာနီ ပဲတစ်တင်း ၂၁၅၀ဝ ကျပ်၊ မလွန်းပို ပဲတစ်တင်း ကျပ် ၂၅၀ဝ၀၊ ထောပတ်ပဲတစ်တင်း ၁၃၅၀ဝကျပ်၊ မြေထောက်ပဲတစ်တင်း ကျပ် ၂၇၀ဝ၀၊ ပဲပုပ်စေ့ တစ်တင်း၁၅၅၀ဝကျပ်၊ ပုဂံပဲတစ် တင်းကျပ် ၃၀ဝ၀ဝ၊ ပဲဖြူလေး တစ်တင်းကျပ် ၂၂၀ဝ၀၊ စား တော်ပဲတစ်တင်း ကျပ် ၂၈၀ဝ၀ အသီးသီး ဈေးပေါက်ပြီး နေ့စဉ်လက်လီအနေနဲ့ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။
ဆီထွက်သီးနှံဈေးကွက်မှာ  ချောင်းဦး၊ မြင်းမူမြို့နယ် များမှ မြေပဲလုံးဆန်အသစ်များ ဝင်ရောက်လာပြီး နေ့စဉ် မန္တလေးဝယ်လက်အဆွဲရှိလို့ အိတ် ၃၀ဝခန့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်းသိရပါတယ်။  ယခုတစ်ပတ် မြေပဲဆန် တစ်ပိဿာဈေးနှုန်းမှာ လုံးဆန်ဖြူ ၂၅၀ဝ ကျပ်၊ ဆီဆန်ဖြူ ကျပ်၁၉၀ဝ၊ လုံးဆန်နီ ကျပ် ၂၄၀ဝ အသီးသီး ဈေးပေါက် လျက်ရှိပါတယ်။  နှမ်းမျိုးစုံဈေးကွက်မှာ နှမ်းဖြူတစ်ပိဿာ ၂၁၆၇ ကျပ်ဖြစ်ပြီး တစ်ရက် အိတ် ၃၀ဝခန့် နှမ်းနက်  တစ်ပိဿာ ၂၇၃၃ ကျပ်နှုန်းနှင့် တစ်ရက်အိတ် ၁၀ဝ ခန့် နှမ်းညိုတစ် ပိဿာ ၁၅၃၃ ကျပ် အသီးသီးအရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်းသိရပါတယ်။                            ကြည်ကြည်နွယ်(မုံရွာ)
 

Agency Ministry of Foreign Affairs
Category General