ဘိလပ်မြေတန်ချိန် ၁၀ဝဝဝကျော်တင်သွင်း
 
                                                    
                စက်တင်ဘာ ၁၈ ရက်မှ၂၄ရက်သီတင်းပတ်အတွင်းကန်ဒေါ်လာ၈၅၅၇၀ဝတန်ဖိုးရှိဘိလပ်မြေ၁၀၅၅၀တန်ကိုပင်လယ်ရေကြောင်း လမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် ထိုင်းနိုင်ငံမှSCGတစ်မျိုးသာ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင် သီတင်းပတ် ဘိလပ်မြေအဝင်မှာ တန်ချိန် ၆၂၀ဝကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်သွင်းမှုနဲ့နှိုင်းယှဉ်ရင် တန်ချိန်၄၃၂၀ကျော်တင်သွင်းမှု ပိုခဲ့တယ်လို့သိရပါတယ်။ ၂၀၁၅ ခုနှစ် ကာလတူမှာ ဘိလပ်မြေတင်သွင်းမှုမှာ တန်ချိန် ၇၁၉၀ ရှိခဲ့တာကြောင့် ယခု သီတင်းပတ်မှာ ဘိလပ်မြေတင်သွင်းမှုပိုခဲ့တယ်လို့သိရပါတယ်။
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
