တာချီလိတ်ကုန်သွယ်ရေးစခန်းရဲ့ သြဂုတ်လအတွင်း ပို့ကုန်တင်ပို့မှု လျော့နည်းခဲ့သဖြင့် ကုန်သွယ်မှုပမာဏပါ ကျဆင်း
 
                                                    
                
	တာချီလိတ် ကုန်သွယ်ရေးစခန်း ရဲ့ သြဂုတ်လအတွင်း ပို့ကုန် ဆောင် ရွက်နိုင်မှုမှာ အမေရိကန်ဒေါ်လာ သုညဒသမ ၉၅၈  သန်း၊   သွင်းကုန် ဆောင်ရွက်နိုင်မှုမှာ  အမေရိကန် ဒေါ်လာ  ၄ ဒသမ  ဝ၄၈  သန်းဖြစ်၍ ကုန်သွယ်မှုပမာဏ ဆောင်ရွက်နိုင်မှု မှာ အမေရိကန်ဒေါ်လာ ၅ဒသမ ဝ၀၆ သန်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။
	တာချီလိတ် ကုန်သွယ်ရေး စခန်း ရဲ့ သြဂုတ်လအတွင်း  လုပ်ငန်းဆောင် ရွက်မှုအား  အနီးစပ်ဆုံးကာလဖြစ်တဲ့ ဇူလိုင်နဲ့   နှိုင်းယှဉ်ပါက   သွင်းကုန် ဆောင်ရွက်နိုင်မှု အမေရိကန် ဒေါ်လာ သုည ဒသမ ၄၀၈ သန်း ပိုမိုဆောင်ရွက် နိုင်သော်လည်း   ပို့ကုန်ဆောင်ရွက်နိုင် မှုမှာ အမေရိကန်ဒေါ်လာ သုညဒသမ ၄၃၉သန်း လျော့နည်းခဲ့သောကြောင့် ကုန်သွယ်မှုပမာဏ    အမေရိကန် ဒေါ်လာ သုညဒသမ ဝ၃၁သန်း လျော့ နည်းခဲ့ကြောင်း သိရသည်။
	အနီးစပ်ဆုံး ကာလဖြစ်တဲ့ ဇူလိုင် ထက် ပို့ကုန်တင်ပို့မှု လျော့နည်းရခြင်း မှာ  သြဂုတ်တွင်  ကြက်သွန်နီ၊ လက် ဖက်ခြောက်၊ သတ္တုနှင့် သတ္တုရိုင်းများ တင်ပို့မှု အနည်းငယ်ပိုမိုခဲ့သော်လည်း ပြီးခဲ့တဲ့ ဇူလိုင်က  အမယ်သစ် ပို့ကုန် အဖြစ်  တင်ပို့ခဲ့တဲ့ နှင်းဆီပန်းခြောက်၊ ကျောက်ကုလန်ရွက်ခြောက်၊ ပန်းနှမ်း ပွင့်ခြောက်နဲ့   နှမ်းမဲ၊ ကော်ဖီစေ့၊ ဂန္ဓမာ ပန်းခြောက်   စတဲ့  ပို့ကုန်ပစ္စည်းများ မှာ  တစ်ဖက်နိုင်ငံက   ဝယ်လိုအားရှိ သော်လည်း ပစ္စည်းထွက်ရှိမှုနည်းသဖြင့် ဆက်လက် မတင်ပို့နိုင်ခြင်းနဲ့  ကြက် သွန်ဖြူ၊  သစ်ခေါက်စတဲ့ အဓိက ပို့ကုန် ပစ္စည်းများတင်ပို့မှု   သိသိသာသာ လျော့နည်းခဲ့ခြင်းတို့ကြောင့် ဖြစ်တယ် လို့ သိရပါတယ်။
	တာချီလိတ် ကုန်သွယ်ရေးစခန်း ရဲ့ အများဆုံး တင်ပို့ခဲ့တဲ့ ပို့ကုန်ပစ္စည်း များကတော့ ကြက်သွန်ဖြူ၊ ကြက်သွန် နီ၊  လက်ဖက်ခြောက်၊  ရော်ဘာစေး၊  မဂ္ဂနီစီယမ်ဒိုင်အောက်ဆိုဒ်၊ ကတ်ထူ စက္ကူ၊  တစ်သျှူးငှက်ပျော၊  ပုလင်းခွံ ဟောင်း၊ ပလတ်စတစ်၊ ဘူးခွံဟောင်းတို့ ဖြစ်ပြီး  အများဆုံးတင်သွင်းခဲ့တဲ့ သွင်း ကုန်ပစ္စည်းများကတော့  ဘိလပ်မြေ၊ ဒီဇယ်ဆီ၊   ဓာတ်ဆီ၊   ဆပ်ပြာမှုန့်၊ စတီးရေတိုင်ကီ၊ ဆိုင်ကယ်တို့ဖြစ်တယ် လို့ သတင်းရရှိပါတယ်။
	ခင်မိုးသူ
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
