ပြည်ပဲမျိုးစုံဈေးကွက် စက်တင်ဘာ ဒုတိယပတ်အတွင်း ပဲဈေးအချို့ ဈေးပြန်လှုပ်လာ
 
                                                    
                
	ပြည်ပဲမျိုးစုံ ဈေးကွက်မှာ လဆန်းရက်က ပဲဈေးအားလုံး လိုလို ဈေးလျော့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ်မှာ တော့ မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲသီးနှံများ ဈေးမြင့်တက် လာ ခဲ့ကြောင်း သိရပါတယ်။  ပဲလက်ကျန် ရှိနေကြသော်လည်း ပဲ ဝင်ရောက်မှု  နည်းနေလို့ မတ်ပဲနှင့် ပဲစင်းငုံသီးနှံမှာ ရန်ကုန် ဝယ်လက်က  အိတ် ၂၀ဝ ကျော် ရက်ခြား ဝယ်ယူခဲ့ကြတယ်လို့ သိရ ပါတယ်။ ဒါကြောင့်  ၎င်းင်းပဲ နှစ်မျိုးစလုံး ဈေးမြင့်လာခဲ့ပြီး၊ မတ်ပဲသီးနှံမှာ ယခင်တစ်ပတ်ကထက် တစ်တင်း ကျပ် ၁၅၀ဝ ခန့် ပိုရလာသလို  ပဲစင်းငုံသီးနှံမှာ  တစ်တင်း ကျပ်ခြောက် ထောင်ကျော် ပြန်လည်မြင့်တက်ခဲ့တဲ့ အတွက် ယခုတစ်ပတ် မှာ တစ်တင်း ၃၈၅၀ဝကျပ် ရရှိခဲ့ပါတယ်။ ယခင်လကလဆန်း ရက်မှာ မတ်ပဲ တစ်တင်း ကျပ်ငါးထောင်ကျော် ရရှိနေခဲ့ပေ မယ့် ယခုလမှာတော့ တစ်တင်း  ကျပ်ငါးသောင်းအောက် လျော့နည်းခဲ့ကာ ၄၃၅၀ဝ ကျပ်ဖြင့်သာ ရောင်းဝယ်မှုရှိလို့ လက်ကျန်ရှိသော်လည်း  ထုတ်ရောင်းချသူ နည်းပါးနေခဲ့ပါ တယ်။ ဒါကြောင့် ရက်ခြားသာ အရောင်းအဝယ် ဖြစ်ခဲ့ပါ တယ်။
	ပဲစင်းငုံသီးနှံမှာလည်း ယခင်လက  လဆန်းရက်မှာ တစ်တင်း ကျပ်လေးသောင်းကျော် ရရှိခဲ့ပေမယ့် ယခုလမှာ တော့ တစ်တင်း ၃၄၇၀ဝ ကျပ်မှ ၃၈၅၀ဝ ကျပ်အတွင်းသာ ရရှိပြီး အရောင်းအဝယ်  အေးနေခဲ့ပါတယ်။ ပဲစင်းငုံသီးနှံရဲ့ ယခင်နှစ် စက်တင်ဘာက  ရရှိခဲ့တဲ့ ဈေးနှုန်းမှာ တစ်တင်း ၅၃၀ဝ၀ ကျပ်အထိရရှိနေခဲ့ပြီး မတ်ပဲသီးနှံ ဈေးထက်ပင် စက် တင်ဘာအတွင်း ဈေးမြင့်ရရှိနေခဲ့ပေမယ့် ယခုနှစ် မှာတော့ ယခင်နှစ်ဈေးကို မမီသလို မတ်ပဲသီးနှံထက်လည်း ဈေးလျော့ နည်းရရှိခဲ့ကြပါတယ်။
	ကုလားပဲသီးနှံသည်လည်း ပန်းတောင်း၊ မင်းတုန်း၊ ကံမ မြို့နယ်များမှ နေ့စဉ် ဝင်ရောက်နေတဲ့အတွက်  အိတ် ၂၀ဝ ကျော် ၃၀ဝ အဝင်ရှိပြီး ဝယ်လက်အနေဖြင့် ခွဲစက်သမားက အဓိကထား ဝယ်ယူခဲ့ကြပါတယ်။  ပဲဈေးနှုန်းမှာ တစ်တင်း ၄၀၅၀ဝ ကျပ် ရရှိလာလို့  ယခင်တစ်ပတ်က ဈေးထက် ဈေးပို လာခဲ့သလို ယခင်နှစ်က  ဈေးထက်လည်း ဈေးပိုရရှိနေခဲ့ ပါတယ်။ ယခုနှစ်တွင် ကုလားပဲသီးနှံ ဈေးကောင်း ရရှိနေတဲ့ အတွက် ပဲစင်းငုံသီးနှံထက်ပင်  ဈေးပိုရရှိနေပြီး မေလမှစ၍ ကျပ် လေးသောင်းနဲ့အထက် ရရှိနေခဲ့ကာ သြဂုတ်လကုန်ပတ် မှသာ ကျပ် လေးသောင်းအောက် လျော့နည်းသွားခဲ့ ပါတယ်။ ယခုလ  ဒုတိယပတ်မှာတော့  ပဲဈေးအားလုံးလိုလို  ဈေးပြန် လှုပ်လာလို့ ကုလားပဲသီးနှံဈေးမှာလည်း လေးသောင်းကျော် ပြန်လည်ရရှိခဲ့ပါတယ်။
	ပဲကြီးသီးနှံကတော့ အခြားပဲများ ဈေးအတက်အကျ ဖြစ်နေသော်လည်း ဈေးငြိမ်ငြိမ်နဲ့ ပုံမှန် အရောင်းအဝယ်ဖြစ် လျက်ရှိပါတယ်။  ပဲကြော်ဖိုသမားများ  ဝယ်ယူကြပြီး ပဲဝင် ရောက်မှုမှာလည်း နယ်စုံမှ ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ဝင်လာသမျှ ပဲများအပြင် လက်ကျန်ပဲအချို့လည်း အရောင်း အဝယ်ဖြစ်ကာ တစ်ရက် အိတ် ၂၀ဝ တစ်ပတ်လည် ရောင်းချ ရပြီး ပဲကြီး (ရွှေကျွန်း) တစ်တင်း ၂၇၅၀ဝ ကျပ် (ကမ်းနား) တစ်တင်း ၂၃၅၀ဝ ကျပ်ဖြင့်သာ  လဆန်းရက်က ဈေးအတိုင်း ရရှိခဲ့ကြပါတယ်။ ပဲနီပြား၊ ထောပတ်ပဲနှင့်  ပဲပုပ်သီးနှံများက ဆက်လက် ဈေးငြိမ်နေခဲ့ပြီး ပဲနီပြား တစ်တင်း ၂၄၅၀ဝ ကျပ်၊ ထောပတ်ပဲ   တစ်တင်း ၂၄၀ဝ၀ ကျပ်၊   ပဲပုပ် တစ်တင်း ၂၂၀ဝ၀ကျပ်ဖြင့် လက်လီဝယ်ယူမှု ရှိလို့ နေ့စဉ် အိတ် အနည်း ငယ် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ခင်ဆွေဝင်း
	 
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
