ကသာခရိုင်၊ ဗန်းမော် ဆင်း-၃ဆန်ကို တရုတ်နိုင်ငံသို့တင်ပို့
 
                                                    
                
	ကသာခရိုင် ပြည်ပပို့ကုန်  ဆင်း-၃ ဆန်ဟာ ဒေသတွင်းဈေးထက်  တရုတ်ဝယ်လက် ဈေးလျော့လို့ ကသာဆိပ်ကမ်းမှ ဗန်းမော် တရုတ်ဆန်တင်ပို့မှု သြဂုတ်လဆန်းပိုင်းကစပြီး အေးသွားရာမှ စက်တင်ဘာ ဒုတိယပတ်မှာ ပြန်လည်တင်ပို့လာတာ တွေ့ရ ပါတယ်။
	ကသာခရိုင်အတွင်း ဆန်စပါး ဈေး ပုံမှန်ဖြစ်ပေမယ့် ကသာဆိပ်ကမ်း ဈေး ဆင်း-၃ ဆန် ၁၀၈ပေါင် တစ် အိတ်ကို ၃၀၅၀ဝ ကျပ်နဲ့ အဝယ်လိုက် လာပါတယ်။ လက်ရှိ ဆင်း-၃ စပါးဈေး က တင်းတစ်ရာကို ကျပ် ၇၈၀ဝ၀ဝ၊ စက်ကြိတ် ဆန် အတွက်က စပါးတင်း တစ်ရာမှာ ၂၅အိတ်နဲ့ ဆန်စက် လုပ်ငန်းရှင်များ ဆန် တင်ပို့မှုအတွက် အကျိုးအမြတ် မရပေမယ့် ဆန်ကွဲ၊ ဖွဲနုဈေးမြင့်လာလို့ စက်ပိုင်ကုန်သည် များ အရှုံးမရှိနိုင်ဘူးလို့ စုရည် စက်ပိုင် ဦးကြင်စိန်ထံမှ သိရပါတယ်။
	ဆန်စပါးလက်ကျန် နည်းလာချိန် လှောင်လက်စက်ပိုင်ကုန်သည်များသာ ကြိတ်ခွဲလည်ပတ်လျက်ရှိနေပါတယ်။ တိရစ္ဆာန် မွေးမြူရေးလုပ်ငန်း၊ မုန့်လုပ်ငန်း၊ အရက်ဖိုများက ဝယ်ယူမှု မြင့်တက်နေလို့ ဖွဲ၊ ဆန်ကွဲ ဈေးမြင့်လာတာဖြစ်ပါတယ်။ စက်တင်ဘာ ၈ ရက်က ဆန်ကွဲ တစ်တင်း ကျပ် ၁၅၀ဝ၀၊ ဖွဲတစ်တင်း ကျပ် ၅၅၀ဝ နဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။  ဖွဲ၊ ဆန်ကွဲဈေး မြင့် လာလို့ ဗန်းမော်တရုတ် ဆန်ကုန်သည်များကပေးတဲ့ကသာ ဆိပ်ကမ်းချဈေး ကျပ် ၃၀၅၀ဝ နဲ့ တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခုရက် ပိုင်းအတွင်း တစ်ရက်တင်ပို့မှုက တန်သုံးရာကျော် ပုံမှန်တင်ပို့ နိုင်တယ်လို့ ဆန်စပါးဈေးကွက်က သိရပါတယ်။
	      ကြည်နိုင်ဦး (အင်းတော်)
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
