ယမန်နှစ်ကာလတူထက် ကုန်သွယ်မှု ပိုမိုဆောင်ရွက်နိုင်
 
                                                    
                
	သြဂုတ်လအတွင်း မြိတ်ကုန် သွယ်ရေးစခန်းရဲ့ ပို့ကုန် ဆောင်ရွက် နိုင်မှုမှာ အမေရိကန်ဒေါ်လာ ၉ ဒသမ ဝ၈၃ သန်း၊ သွင်းကုန်ဆောင်ရွက်နိုင် မှုမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၅၃ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၈၃၆ သန်းဆောင်ရွက်ခဲ့ပါတယ်။ မြိတ်ကုန် သွယ်ရေး စခန်းရဲ့ သြဂုတ်လ လျာထား ချက်မှာ ပို့ကုန်အမေရိကန် ဒေါ်လာ ၁၀ သန်း၊ သွင်းကုန်အမေရိကန်ဒေါ်လာ သုံးသန်း ဖြစ်ပြီး ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၁၃ သန်းဖြစ် ၍ ကုန်သွယ်မှုလျာထားချက်အပေါ် အမှန် ဆောင်ရွက်နိုင်မှု မှာ ၉၈ ဒသမ ၇၄ ရာခိုင်နှုန်းဖြစ်ပါတယ်။
	ယခင်နှစ်ကာလတူနဲ့ နှိုင်းယှဉ် ပါက ပို့ကုန်ပိုင်းတွင် အမေရိကန် ဒေါ်လာ ၂ ဒသမ ၂၈၃ သန်း၊ သွင်းကုန် ပိုင်းတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၁၅ သန်းပိုမိုသဖြင့် ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၉၈ သန်းပိုမိုဆောင် ရွက်နိုင်တယ်လို့ သိရပါတယ်။   
	ယခင်နှစ်ကာလတူထက်ပို့ကုန် ပိုမိုတင်ပို့ရခြင်းမှာ ယခုနှစ်သြဂုတ်လ တွင် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ် တဲ့ ရော်ဘာနဲ့ ရေထွက်ကုန်ပစ္စည်းများ ဖြစ်တဲ့ အေးခဲရေထွက် ပစ္စည်းများ ပိုမို တင်ပို့နိုင်ခြင်းကြောင့်ဖြစ်တယ်လို့ သိရ ပါတယ်။
	သွင်းကုန်အနေဖြင့် ယခုနှစ် သြဂုတ်လတွင် ရင်းနှီး မြှုပ်နှံမှုပစ္စည်း များ၊ လုပ်ငန်းသုံးကုန်ကြမ်းနဲ့ လူသုံး ကုန်ပစ္စည်းများ ပိုမိုတင်သွင်းခြင်းကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
	မြိတ်ကုန်သွယ်ရေးစခန်းရဲ့ သြဂုတ်လအတွင်း တင်ပို့ နိုင်တဲ့ ပို့ကုန် ပစ္စည်းများကတော့ ငါးမျိုးစုံ၊ ရေငန် ပုစွန်၊ အေးခဲ ကဏန်းပျော့၊ ငါးမှုန့်၊ ရော်ဘာ၊ ကင်းမွန်၊ ငါးခြောက်၊ အေးခဲ ကဏန်း၊ ပုစွန်ခြောက်တို့ဖြစ်ပြီး အမှန် တင်သွင်းခဲ့တဲ့ သွင်းကုန်အမယ်များ ကတော့ ဒီဇယ်၊ ဘိလပ်မြေ၊ ဓာတ်ဆီ၊ ဟင်းချက်ဆီ၊ ဓာတ်မြေသြဇာ၊ ငါးဖမ်း ပိုက်တို့ဖြစ်တယ်လို့ သတင်းရရှိပါတယ်။
	 
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
